မဲခေါင်၊ ဇူလိုင် ၂၄
ဇူလိုင် ၂၃ ရက်အစောပိုင်းမှာ ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကြောင့် ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ဆီဗက်စတိုဗိုဆိပ်ကမ်းမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုရှိသလို ဒဏ်ရာရသူလည်း များပြားခဲ့ပါတယ်။
ရုရှားတောင်ပိုင်း ကရက်စ်နိုဒါဒေသ မြို့တော်ဝန် ကွန်ဒရာတီယက်ဗ်ရဲ့ ထုတ်ပြန်မှုအရ ခရိုင်းမီးယားပင်နယ်နက် နဲ့ အဇော့ပင်လယ်ကို ကူးသန်းသွားလာဖို့ ရုရှားဖောက်လုပ်ထားတဲ့ ကာ့ချ်ရေလက်ကြား တံတားကျော်ကာ ဆိုဗက်စတိုဗိုဆိပ်ကမ်းမှာ ရပ်နားထားတဲ့ ကုတို့ယာဉ်ကို ဒရုန်းထိမှန်လို့ အနည်းဆုံး ၁ ယောက်သေဆုံးပြီး ယာဉ် ပေါ်ပါသူတွေနဲ့ ဆိပ်ကမ်းအလုပ်သမားတွေ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းရဲ့ ဒရုန်း ၂၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ချနိုင်ခဲ့ကြောင်းနဲ့ ဆီဗက်စတိုဗိုဆိပ်ကမ်းကို ဒရုန်း ၂၁ စင်း၊ ဘယ်လ်ဂိုရော့ဒ်ဒေသမှာ ၂ စီး၊ ဘရိုင်းယန့်ခ်ဒေသမှာ ဒရုန်း ၂ စီးကို ဖျက်ချနိုင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ အရေးပါတဲ့ စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေ၊ လူနေအရပ်တေွကို တောက်လျှောက် ပစ်မှတ်ထားတိုက်ခိုက်နေလို့ ယူကရိန်းဘက်က တန်ပြန်တိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အပြီးမကြာခင်မှာ ပဲ ရုရှားဘက်က ဒရုန်းနဲ့ Kh-69 ပဲ့ထိန်းခရုဇ်ဒုံးကျည်တွေနဲ့ပြန်ပစ်ရာမှာ ဒရုန်း ၉ စင်းမှာ ၈ စင်းကို ဖျက်ချနိုင်ခဲ့ သလို Kh-69 ပဲ့ထိန်းခရုဇ်ဒုံးကျည်ဟာလည်း ပစ်မှတ်ကို မရောက်ခဲ့ဘူးလို့ ယူကရိန်းဘက်က ပြန်လည် ထုတ်ပြန်ပါတယ်။
Ref: rferl
MKF-001








