မဲခေါင်၊ ဇူလိုင် ၂၂
ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဆီကို လွှဲပေးတဲ့အကြောင်း ဒီညမှာ စစ်ကောင်စီက သတင်းထုတ်ပြန်တာပါ။
ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး အာရုံကြောတုံ့ဆိုင်းရောဂါနဲ့ အာရုံကြော အားနည်းခြင်းတွေကို ခံစားလာရလို့ စင်ကာပူနိုင်ငံမှာ ကုသခဲ့ရသလို နေပြည်တော်စစ်ဆေးရုံမှာလည်း မျက်စိနှစ်ဖက်တိမ်ကို ခွဲစိတ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို ထုတ်ပြန်ပြီး ၄ ရက်အကြာမှာ သမ္မတရာထူးကို မင်းအောင်လှိုင်က လွှဲပြောင်းရယူခဲ့တာလို့ ဒီနေ့မှာ ထုတ်ပြန်လိုက်တာပါ။








