မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နေ့ခင်းပိုင်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“အခု သိမ်းပိုက် ချိတ်ပိတ်လိုက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အိမ်က လူတွေ မရှိဝောာ့ဘူး။ သူတို့လည်း စစ်ရှောင်သွားပြီလေ။ ရပ်ကွက် ၅ မှာက ပြည်သူ့စစ် အရာရှိတွေ အများကြီး ရှိတာပဲ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
၅၀၇ စစ်ကောင်စီတပ်ကို သိမ်းပိုက်ထားဝာာမရှိပေမယ့် ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၅ တွေမှာ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်း တပ်ဖွဲ့တွေ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ရပ်ကွက် ၅ ရဲ့ တပိုင်း မှာ စစ်ကောင်စီတွေရှိတယ်။ နောက်တပိုင်းမှာ ပြီးခဲ့ ရက်ပိုင်းတွေ ကတည်းက MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ နေရာ ယူထားပြီးပြီ” လို့ နောက်ထပ် ဒေသခံ တစ်ဦးကပြောပါတယ်။
ဒီနေ့မှာဝောာ့ ဘုရားကျောင်း အနီးဝန်းကျင် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး ရပ်ကွက်ထဲ လက်နက်ကြီး ကျလို့ နေအိမ်တချို့ မီးလောင်နေတယ်လို့ သူက ပြောပါတယ်။
ရပ်ကွက်ထဲမှာ တိုက်ပွဲ မရှောင်နိုင်တဲ့ အခြေခံ လူတန်းစားတွေ ရှိနေသေးပြီး နှစ်ဖက် တိုက်ပွဲကြောင့် နေအိမ် ဝောာ်ဝောာ်များများ ပြိုကျ ပျက်စီး ကုန်ပြီလို့ သူက ပြောပြပါတယ်။
မြို့ထဲမှာ ဖုန်းလိုင်းတွေ အားလုံး ပြတ်တောက်နေပြီး ဝိုင်ဖိုင် တချို့သုံးလို့ ရနေသေးကာ ဒီနေ့ မနက် အစောပိုင်းက လားရှိုးမြို့အဝင် ပတ်ပတ်လည်မှာလည်း နှစ်ဖက်တိုက်ပွဲ တွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-008








