ကမ္ဘာ့သတင်း

အမ်ဘာနီ မင်္ဂလာပွဲ ဗြိတိန်မင်းသား ဟယ်ရီမင်္ဂလာဆောင်ထက် ၁၅ ဆ ပိုကုန်ပြီး ပေါင် ၅၆၃ သန်းကုန်တဲ့ ကမ္ဘာ့အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်ခဲ့

မဲခေါင် 15 Jul - 2024
အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ ရဲ့သား အန်းနန့်အမ်ဘာနီနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အမွေဆက်ခံသူ ရတ်ဟီကာမားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ ပေါင် ၅၆၃ သန်း ကုန်ချခဲ့ပြီး ဗြိတိန်မင်းသား ဟယ်ရီနဲ့ ကြင်ယာ မဂ္ဂဟန်တို့ ပေါင် ၃၄ သန်း ကုန်ချခံခဲ့တဲ့ မင်္ဂလာပွဲထက် ၁၅ ဆ ပိုသုံးခဲ့လို့ ကမ္ဘာ့တန်ကြေးအကြီးဆုံး မင်္ဂလာပွဲဖြစ်လာခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၅

ဇူလိုင် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီ ရဲ့သား အန်းနန့်အမ်ဘာနီနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အမွေဆက်ခံသူ ရတ်ဟီကာမားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ ပေါင် ၅၆၃ သန်း ကုန်ချခဲ့ပြီး ဗြိတိန်မင်းသား ဟယ်ရီနဲ့ ကြင်ယာ မဂ္ဂဟန်တို့ ပေါင် ၃၄ သန်း ကုန်ချခံခဲ့တဲ့ မင်္ဂလာပွဲထက် ၁၅ ဆ ပိုသုံးခဲ့လို့ ကမ္ဘာ့တန်ကြေးအကြီးဆုံး မင်္ဂလာပွဲဖြစ်လာခဲ့ပါတယ်။

မွမ်ဘိုင်းမြို့က ဒီမင်္ဂလာပွဲအတွက် ကမ္ဘာ့နာမည်အကြီးဆုံး၊ ဩဇာအကြီးဆုံး သူဌေးပေါင်း ၅၀၀၀ ကို ဖိတ်ကြားခဲ့ပြီး ကင်မ်နဲ့ ကာလိုကာဒက်ရှီယန် ညီအစ်မ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၊ တိုနီဘလဲတို့ စုံတွဲ၊ နာမည်ကြီးမင်းသမီး ပရီယန်ကာချိုပရာနဲ့ ခင်ပွန်းအဆိုတော် နစ်ခ်ဂျိုနက်စ်တို့ တက်ရောက်ခဲ့ကာ မင်္ဂလာပွဲတော်ကို အမ်ဘာနီမိသားစုပိုင် ၂၇ ထပ်မြင့်၊ ပေါင်သန်း ၇၈၀ တန်၊ ဟယ်လီကော်ပတာကွင်း ၃ ကွင်း၊ ကားအစီး ၁၆၀ သိမ်းနိုင်တဲ့ ကားဂိုထောင်၊ သီးသန့် ရုပ်ရှင်ရုံပါ မွမ်းဘိုင်းက အိမ်တော်ဝန်ကြီးထဲ စတင်ကျင်းပခဲ့ပါတယ်။

ဒုတိယရက် မင်္ဂလာအခမ်းအနားကို အန်းနန့်ရဲ့ ဖခင်ပိုင် Jio ကမ္ဘာ့ကွန်ဗန်းရှင်းစင်တာမှာ ထပ်ကျင်းပပြီး သတို့သားနဲ့ သတို့သမီး လမ်းပေါ် မြင်းစီးသီချင်းဆိုလို့ ခေတ်အမီဆုံး၊ အခမ်းနားဆုံး နည်းပညာတင်ဆက်မှုတွေနဲ့ပါ ထပ်မံ ကျင်းပသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မွမ်ဘိုင်းမြို့က ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေအားလုံး မင်္ဂလာပွဲလာ ကမ္ဘာအနှံ့က ဧည့်သည်တွေနဲ့ ပြည့်နေခဲ့သလို ယာဉ်ကြောပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့ရပါတယ်။ ကမ္ဘာတစ်ဝန်းက ဧည့်သည်တွေ လာရောက်ဖို့ သီးသန့် private jets ခရီးစဉ် ၁၀၀ ကျော်ကိုပါ စီစဉ်ပေးခဲ့ပြီး ဖိတ်စာကို ပေါင် ၆၇၇၀ တန်ဖိုးရှိတဲ့ လက်ဆောင်များစွာ ပါတဲ့ ရွှေသေတ္တာနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တော်တွေ ဝတ်ဆင်ဖို့ ရွှေ၊ ငွေချည်အစစ်နဲ့ အထူးယက်ကန်းပညာရှင်ပေါင်းများစွာ လနဲ့ချီ ယက်လုပ်ပေးထားတဲ့ ပိုးထည် ၁၀၀ ကျော်ဟာလည်း တစ်ထည် ပေါင် ၁ သိန်းအထိ တန်ကြေးရှိပြီး မင်္ဂလာပွဲ ၃ ရက်မှာ ဝတ်စုံ ၅ စုံ မဖြစ်မနေ ဝတ်ဖို့လိုအပ်လို့ ဒီဝတ်စုံတွေကို လည်း တန်ကြေးအကြီးဆုံး ချုပ်လုပ်ပေးအပ်ခဲ့ပါတယ်။

၁၈.၅ ဧက ကျယ်တဲ့ မင်္ဂလာအခမ်းအနား ကျင်းပရာနေရာမှာ ခရစ္စတယ်မီးဆိုင်း ၁၀၀၀ ကျော်၊ ပန်းပွင့်ပေါင်း သန်း ၂၀ ကျော်နဲ့ စီရင်ထားတဲ့ လျှောက်လမ်းကို အခမ်းအနားပြင်ဆင်ကျွမ်းကျင်သူပေါင်း အယောက် ၅၀၀ သုံးပြီး အချိန်ယူပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး နှစ်ချို့ရှန်ပိန် ပုလင်းပေါင်း ၃သောင်း၊ စားဖွယ်ဟင်းလျာ အမျိုးပေါင်း ၃၇၅၀၀ ပွဲအတွက် ထိပ်တန်းစားဖိုမှုပေါင်း ၅၀၀ ကို ချက်ပြုတ်စေသလို ဒီမင်္ဂလာပွဲကြီးမတိုင်ခင်၊ မင်္ဂလာအကြိုပါတီပွဲအပါ အခမ်းအနားပွဲပေါင်းအမျိုးမျိုးကိုလည်း ကမ္ဘာပတ်ကျင်းပခဲ့လို့ စုစုပေါင်း ကုန်ကျစားရိတ်ဟာ ပေါင် ၅၆၃ သန်းကျော် မင်္ဂလာလမ်းညွှန် Bridebook အပလီကေးရှင်းရဲ့ ကျွမ်းကျင်သူတွေက ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

မတ်လတုန်းက ကျင်းပခဲ့တဲ့ မင်္ဂလာအကြိုပါတီပွဲမှာ အထူးဧည့်သည်တော် ၁၀၀၀ ကျော်ကို ဖိတ်ကြားခဲ့သေးပြီး ရီဟားနား၊ အေကွန်တို့က ဧည့်ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ရာမှာ ရီဟားနားဟာ မိနစ် ၉၀ စာဖျော်ဖြေမှုအတွက် ပေါင် ၅ သန်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဒီမင်္ဂလာ အကြိုပါတီပွဲအတွက်တင် ပေါင် ၁၂၆ သန်း သုံးစွဲခဲ့ပြီးနောက် ဖိတ်ကြားထားတဲ့ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ် ၈၀၀ နဲ့ မြေထဲပင်လယ်ခရီးစဉ်ကို ဇိမ်ခံသင်္ဘောနဲ့ သွားရောက်ပြီး ပေါင် ၉၄.၅ သန်း သုံးစွဲခဲ့ပါတယ်။

ဒီ ၄ ရက်တာ သင်္ဘော ခရီးစဉ်မင်္ဂလာပါတီမှာ ကေတီပယ်ရီ၊ ဘက်စထရိဘွိုင်းစ်နဲ့ ပစ်ဘူး တို့ကို ခေါ်ယူဖျော်ဖြေ စေခဲ့ပါသေးတယ်။ ရှေ့တစ်ပတ်က ရိုးရာမင်္ဂလာအကြိုအခမ်းအနားကျင်းပမှုကို ကျင်းပရာမှာလည်း ဂျက်စတင်ဘီဘာကို ပေါင် ၇ သန်းပေး ခေါ်ယူဖျော်ဖြေစေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မတ်လအတွင်းက မင်္ဂလာအကြိုပါတီပွဲမှာ ဘီလ်ဂိတ်၊ ဇူကာဘက်တို့ပါ တက်ရောက်ပြီး ဧည့်သည်တော်တွေကို ရွှေလည်ဆွဲ၊ လည်ရှည်ဖိနပ်၊ အထူးမှာယူချုပ်လုပ်ထားတဲ့ လက်ကိုင်အိတ်တွေ၊ Louis Vuitton အမှတ်တံဆိပ် အိတ်တွေ၊ တန်ကြေးမြင့် ညဝတ်အင်္ကျီတွေကိုပါ လက်ဆောင်အဖြစ် အိတ်တွေနဲ့ ပေးအပ်ခဲ့ပါသေးတယ်။

ဒီမင်္ဂလာပွဲဟာ ကမ္ဘာ့တန်ကြေးအကြီးဆုံး မင်္ဂလာပွဲဖြစ်လာပေမယ့် သတို့သားနဲ့သတို့သမီးဟာ ဧည့်သည်တော်တွေရဲ့ မင်္ဂလာလက်ဖွဲ့ကနေ အနည်းဆုံး ပေါင်သန်း ၁၀၀ ပြန်ရနိုင်မယ်လို့လည်း တွက်ဆထားကြပါတယ်။

သတို့သား အန်းနန့်ရဲ့ဖခင် မူကက်ရှ်အမ်ဘာနီဟာ ကမ္ဘာ့န၀မမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ပေါင်ဘီလီယံ ၁၀၀ ကျော် ကြွယ်၀သူဖြစ်လို့ ဒီမင်္ဂလာစုံတွဲအတွက် ဒူဘိုင်းက Palm Jumeirah ကျွန်းပေါ်ရှိ စတုရန်းပေ ၃၀၀၀ ကျယ် အိပ်ခန်း ၁၀ ခန်းပါ၊ သီးသန့်ကမ်းခြေနေရာပါ ဇိမ်ခံအိမ်ရာတစ်လုံးကို ပေါင် ၆၂ သန်းနဲ့ လက်ဖွဲ့အဖြစ် ဝယ်ပေးထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မင်္ဂလာမောင်နှံအတွက် ပေါင် ၅သိန်းတန် Bentley Continental GTC Speed ကား၊ သတို့သမီးအတွက် ပေါင် ၂ သန်းတန် ကာတီးယားရင်ထိုးပါ အထူးလုပ် လက်ဝတ် ရတနာတွေကိုပါ ပေးအပ်ထားပြီးဖြစ်ပါတယ်။ ယောက္ခမဖြစ်သူ နီတာကိုယ်တိုင်ကလည်း ချွေးမအတွက် ပေါင် ၁၀ သန်းတန် ပုလဲနဲ့စိန်လည်ဆွဲ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အချမ်းသာဆုံးသော လူဦးရေ ၁ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်ကြွယ်၀မှုဟာ တစ်တိုင်းပြည်လုံးက ၄၀ ရာခိုင် နှုန်းသောလူတွေရဲ့ ကြွယ်၀မှုပမာဏမျိုးရှိနေလို့ လူတန်းစွာ ကွာဟချက်ကြီးမားလွန်းနေချိန် ဘမ်ဘာနီ မိသားစု မင်္ဂလာပွဲ ကုန်ကျစားရိတ်ဟာ ဆင်းရဲသာလူတန်းစားအတွက် ဒေါသထွက်ဝေဖန်ချင်စရာဖြစ်နေပါတယ်။

အမ်ဘာနီမိသားစုဟာ ခုမှ ဒီလိုမင်္ဂလာပွဲမျိုးကျင်းပတာမဟုတ်ဘဲ ၂၀၁၈ ခုနှစ်က သမီးဖြစ်သူ အစ်ရှာမင်္ဂလာပွဲ အတွက် ပေါင်သန်း ၈၀ အကုန်အကျခံကျင်းပပေးခဲ့ပါသေးတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now