မဲခေါင်၊ ဇူလိုင် ၁၁
ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို နှစ်ပတ်လည် အိန္ဒိယ – ရုရှား ထိပ်သီးအစည်း အဝေးပွဲသွားတက်ခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကို ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အရပ်သား ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Order of St Andrew the Apostle the First-Called ဆုပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
အိန္ဒိယ – ရုရှား နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးပွဲဟာ ၂၀၁၉ ခုနှစ်က ပူတင်နဲ့ မိုဒီတို့ နှစ်နိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အပြန်အလှန်အကျိုးပြုနိုင်ရေး၊ နှစ်နိုင်ငံသားတွေ ချစ်ကြည်ရေးကို ရှေးရှုပြီး လက်မှတ်ရေးထိုးခဲ့လို့ ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂ နှစ်ကတော့ ရုရှားစစ်ရေးကြောင့် ဒီအစည်းအဝေးပွဲ မဖြစ်ခဲ့ဘဲ အခုပြန်လည် ကျင်းပမှုမှာ မိုဒီကိုယ်တိုင် တက်ရောက်တုန်း ပူတင်က နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကျိုးပြုနိုင်ခဲ့သူအဖြစ် မိုဒီကို ချီးကျူးဂုဏ်ပြုပြီး ဂုဏ်ထူးဆောင်ဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုဟာ ၁၆၉၈ ခုနှစ်ကတည်းက ဆိုဗီယက်ခေတ်မှာ ဂျီးဆက်ရဲ့တမန်တော် စိန့်အင်ဒရူးကို ကိုယ်စားပြုပြီး အမြင့်မြတ်ဆုံး ပြည်သူတွေကို ချီးမြှင့်ပေးအပ် ခဲ့တာဖြစ်ပြီး မိုဒီဟာ ဒီဆုရတဲ့ ပထမဆုံး အိန္ဒိယ ခေါင်းဆောင်လည်း ဖြစ်လာလို့ ဂုဏ်ယူကြောင်း ပြောကြားသွားပါတယ်။
ဒီရက်ဟာ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ ကလေးဆေးရုံကို ရုရှားဘက်က အဆင့်အမြင့်ဆုံး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက် ခိုက်လို့ အနည်းဆုံး ၄၁ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရတဲ့နေနဲ့ တိုက်ဆိုင်နေလို့လည်း ယူကရိန်းသမ္မတ ဇီလန်းစကီးဟာ သွေးဆာနေတဲ့ စစ်ရာဇဝတ်သား ပူတင်နဲ့ ဖက်လှဲတကင်းဖြစ်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံခေါင်းဆောင်ရဲ့ မြင်ကွင်းက ငြိမ်းချမ်းရေးတိုးတက်မှုကို အလင်းပိတ်စေတယ်လို့ ဝေဖန်သွားခဲ့ ပါတယ်။
Ref: hindustantimes
MKF-001










