ကမ္ဘာ့သတင်း

ကိဗ်မြို့အကြီးဆုံး ကလေးဆေးရုံ ဒုံးကျည်နဲ့ပစ်တဲ့နေ့ မိသားစုတန်ဖိုးအထိမ်းအမှတ်ပွဲ ပူတင်တက်ပြီး မိုဒီက ပွေ့ဖက်နှုတ်ဆက်လို့ ဇီလန်းစကီး ဝေဖန်ရှုတ်ချ

မဲခေါင် 10 Jul - 2024
ဇူလိုင် ၈ ရက်နေ့က ယူကရိန်းနိုင်ငံ ကိဗ်မြို့က အကြီးဆုံး ကလေးဆေးရုံ Okhmatdyt ပေါ်ကို ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာမှာ ရုရှားသမ္မတပူတင်ဟာ မော်စကိုမှာကျင်းပတဲ့ ရုရှားမိသားစုများတန်ဖိုး ဆိုတဲ့ ပြပွဲကို တက်ရောက်ခဲ့သလို အဲဒီနေ့မှာ မော်စကိုကို ၂ ရက်ကြာရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာလည်း သွေးဆာနေတဲ့ ပူတင်နဲ့ ပွေ့ဖွက်နှုတ်ဆက်နေလို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၀

ဇူလိုင် ၈ ရက်နေ့က ယူကရိန်းနိုင်ငံ ကိဗ်မြို့က အကြီးဆုံး ကလေးဆေးရုံ Okhmatdyt ပေါ်ကို ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာမှာ ရုရှားသမ္မတပူတင်ဟာ မော်စကိုမှာကျင်းပတဲ့ ရုရှားမိသားစုများတန်ဖိုး ဆိုတဲ့ ပြပွဲကို တက်ရောက်ခဲ့သလို အဲဒီနေ့မှာ မော်စကိုကို ၂ ရက်ကြာရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာလည်း သွေးဆာနေတဲ့ ပူတင်နဲ့ ပွေ့ဖွက်နှုတ်ဆက်နေလို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။

ကိဗ်မြို့ အကြီးဆုံးကလေးဆေးရုံ ဒုံးကျည်ကျရောက်တဲ့အတွက် ကလေး ၃ ယောက်အပါအဝင် ၃၇ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာရတဲ့ဖြစ်စဉ်ကြောင့် ပူတင်ဟာ အပြစ်မဲ့ကလေးတွေ ကုသရာဆေးရုံကိုတောင် ပစ်မှတ်ထားတိုက်ခိုက် တဲ့ သွေးဆာနေသူ ရာဇဝတ်သားလို့ ဇီလန်းစကီးက သုံးနှုန်းဝေဖန်လိုက်သလို ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကပါ မော်စကိုမှာပူတင်နဲ့ ပွေ့ဖက် ချစ်လှစွာသော မိတ်ဆွေကြီးလို့ နှုတ်ဆက်ခဲ့ မှုကြောင့် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ခဲ့ရကြောင်း ဇီလန်းစကီးက ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ဇီလန်းစကီးက သူ့ X(ယခင်တွစ်တာ) မှာ “ဒီကနေ့ ယူကရိန်းမှာ ၃၇ ယောက် သေဆုံးတယ်။ ကလေး ၃ ယောက် ပါတယ်။ အယောက် ၁၇၀ ဒဏ်ရာရတယ်။ ကင်ဆာရောဂါသည် ကလေးငယ်တွေ အများဆုံးရှိရာ ကိဗ်မြို့ အကြီး ဆုံးကလေးဆေးရုံကိုမှ ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့ ပစ်ခဲ့တယ်။ အပျက်အဆီးပုံတွေကြားမှာ ပိတ်မိပြီး နာကျင်နေ တဲ့ကလေးတွေလည်း ရှိတယ်။ အရမ်း ဝမ်းနည်းဖို့ကောင်းတဲ့ဖြစ်စဉ်ပါ။ ဒီအချိန် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ကြီးက မော်စကိုမှာ သွေးဆာနေတဲ့ ရာဇဝတ်သား(ပူတင်)နဲ့ ပွေ့ဖက်နှုတ်ဆက်နေမှုပုံရိပ်ဟာ ငြိမ်းချမ်းရေး အတွက် ထိုးနှက်ချက်ကြီးပါပဲ” လို့ ရေးတင်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ ကိဗ်ကလေးဆေးရုံကို ဒုံးကျည်နဲ့ ရက်စက်စွာ ပစ်ခဲ့တဲ့နေ့မှာပဲ မော်စကိုက All-Russian Exhibition Centerမှာ တစ်နိုင်ငံလုံးက လာရောက်ပြိုင်ပွဲဝင်တဲ့ ရုရှား နိုင်ငံတကာပြပွဲ ဖိုရမ်လည်းဖြစ်၊ ဒေသအလိုက် ရုရှား စီးပွားရေး၊ စက်မှုလက်မှုစွန့်ဦးတီထွင်သူတွေကို ဂုဏ်ပြုတဲ့ ရုရှားမိသားစုတန်ဖိုးနေ့ အခမ်းအနားကို တက်ရောက်ခဲ့လို့လည်း ဆေးရုံပေါ်က ကလေးတွေကို သတ်တဲ့နေ့မှာ မိသားစုတန်ဖိုး အထိမ်းအမှတ်နေ့ တက်ပြနေတယ်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ကြပါတယ်။

ယူကရိန်းဘက်ကလည်း ကလေးဆေးရုံ တိုက်ခိုက်ခံရမှုအတွက် လက်စားချေမှုအဖြစ် ရုရှားဒေသ ၆ ခုဆီ ဒရုန်း တိုက်ခိုက်မှုပေါင်းများစွာ လုပ်ဆောင်ခဲ့ရာမှာ ထိခိုက်မှုတွေရှိခဲ့ပြီး ရုရှားဘက်က ဒရုန်း ၃၈ စီး ပစ်ချနိုင်ခဲ့တယ်လို့ ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

Ref: aninews
MKF-001
#MeKongNews 


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now