စစ်ရေးသတင်း

ကျောက်မဲကို ညလုံးပေါက် လေယာဉ်ဗုံးကြဲနေလို့ နေအိမ် ၁၅ လုံးအထက် မီးလောင်ပျက်စီး

မဲခေါင် 1 Jul - 2024
ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညလုံးပေါက်နီးပါး လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ ဟိုတယ် ၁ လုံးအပါ နေအိမ် ၁၅ လုံးမက မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညလုံးပေါက်နီးပါး လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ ဟိုတယ် ၁ လုံးအပါ နေအိမ် ၁၅ လုံးမက မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဇွန်လ ၃၀ ရက် ညပိုင်းမှာ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ ရပ်ကွက်-၁ မှာရှိတဲ့ One Love ဟိုတယ်နဲ့ အနီးဝန်းကျင်က အိမ်တွေ ၁၅ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ ဟိုတယ်နောက်က အထပ်မြင့်က ပြိုကျတယ်၊ တောင်ဘက် ဂဠုန်ပျံသောင်းသောင်းအိမ်ကနဲ့ မြောက်ဘက်က ကျောင်းဆရာ ဦးမြမောင်အိမ်တွေ မီးလောင်တယ်၊ ရှေ့က ခရိုင်ရုံးနဲ့ မြို့တော်ခန်းမ၊ မီးသတ်ရုံးတွေလဲ မှန်တွေကွဲ တံခါးတွေပွင့်ထွက်ပြီး ပျက်စီးကုန်တယ်၊ လူအသေအပျောက်တော့ မသိရသေးဘူး၊ ညက တိုက်ပွဲသံကြားထဲ မီးဖွားဖို့ အခက်ကြုံနေတာကို တိလင်ရပ်ကွက်မှာ ဆရာမက မီးဖွားပေးလိုက်နိုင်တယ်” လို့ ကျောက်မဲ ရပ်ကွက်-၂ ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အခြားသတင်းအရ ရပ်ကွက်-၃ အထိ မီးကူးစက်လောင်ပြီး အမျိူးသား ၃ ဦးဒဏ်ရာရခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးဟာယနေ့မနက်အထိ အနည်းငယ် လောင်နေဆဲဖြစ်တယ်လို့ သိရပြီး ကျောက်မဲမှာ MPT ဖုန်းလိုင်းပဲ ရတော့ကာ မြို့ပေါ်ကို TNLA က မနက် ၆ နာရီ ည ၆နာရီထွက်ချိန် ကန့်သတ်လိုက်သလို စက်သုံးဆီကိုလဲ ခွင့်ပြုချက်နဲ့သာရောင်းချပေးရန် အမိန့်ထုတ်တယ်လို့ သိရပါတယ်။ ညမထွက်မရ အမိန့်ကို လမ်းဆုံလမ်းခွတွေမှာ လိုက်ကပ်တာတွေ တွေ့ရတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ်မှာ စစ်ရှောင်စခန်း လက်ရှိမှာ ၂၁ ခုရှိနေပြီး စစ်ရှောင်ဦးရေ ၇၀၀၀ ကျော်ရှိနေကာ အဓိက ဆန်နဲ့စားစရာပြတ်လတ်ပြီးကျန်းမာရေး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ဦးရေစာရင်းမှာ နေမာင်အန်း ၂၅၀၊ ချောင်းချောက် ၈၀၀၊ လွယ်ခေါ် ၁၅၀၊ နားခေါ် ၂၀၀၊ ဗူးခါး၊ ၇၀၊ ခိုတင့် ၄၈၊ ရှမ်းကျောင်းကြီး ၈၀၊ရန်ကင်းဓမ္မာရုံ ၁၀၀၊ တိလင်ဘုန်းကြီးကျောင်း ၂၀၀၊ ခိုမုန်း ၁၅၀၊ ခိုခမ်း ၃၅၀၊ ပေါက်အင်းလေး၊ ၇၅၊ စခန်းသာ ၂၅၀၊ နောင်ပိန်ဓမ္မာရုံ ၃၂၀၊ ကျွဲကုန်း ၁၀၀၊ နောင်ပိန်လေး ၃၇၀၊ နားဗုံ ၄၀၀၊ နားပြိန်း ၁၀၅၀၊ နားတောင်း ၁၇၀၊ ပုံဝိုး ၇၀၀၊ ပန်လော ၁၅၀၊ ခဲမွန် ၆၀၊ ရှဲဂွီ ၂၀၀ တို့ဖြစ်ကြပြီး အချို့စခန်းတွေမှာ လူများလို့ လက်မခံနိုင်တော့တဲ့အခြေအနေရှိနေကြတယ်လို့ ပြောပါတယ်။

လတ်တလောမှာ ရဲရွာ ဒုဌဝတီဘက် သွားနိုင်ပေမယ့် စစ်တပ်က ပိတ်ပင်လိုက်တယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးပါဘူး၊ နမ့်လန်ဘက်ကိုတော့ တချို့ သွားလာနေဆဲလို့သိရပါတယ်။

ရှမ်းမြောက်၊ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တကျော့ပြန်တိုက်ပွဲကာလ (၇)ရက်ဖြစ်တဲ့ ယနေ့ ဇူလိုင်လ ၁ ရက် မနက် ၅ နာရီက စပြီး ကျောက်မဲက စစ်စခန်းတွေဖြစ်ပြီး စခန်းပတ်ပတ်လည်တွေမှာ မိုင်းလုံးရေ ၇၀၀ ကျော်ချထား တဲ့ စကခ-၁၊ ခမရ-၅၀၁၊ ၅၀၂ တွေကို TNLA နဲ့PDF တွေပူးပေါင်းကာ အပြင်းအထန်တိုက်ခိုက်နေဆဲလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now