မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်နေ

မဲခေါင် 1 Jun - 2024
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မေလနောက်ဆုံးပတ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင်တွေ ၄ ပုံတစ်ပုံခန့် ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်နေပြီလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မေလနောက်ဆုံးပတ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင်တွေ ၄ ပုံတစ်ပုံခန့် ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်ဖို့ ပြင်ဆင်နေပြီလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေ ပြန်ရောက်နေတဲ့ ကြည်သာယာ၊ ဒေါဓမ္မ၊ နမ့်ဘော်ဝမ်၊ ရှမ်းပိုင်း၊ မင်းစု၊ ‌ဒေါနိုကူး၊ နမ့်ဘော်ဝမ်၊ ရွှေတောင်၊ ဈေးပိုင်း ရပ်ကွက်တွေကို စစ်တပ်က ထိန်းချုပ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မီးလောင်ပြာကျ ပျက်စီးသွားတဲ့ တောင်ဈေးကိုလည်း ဇွန်လ ပထမဆုံးအပတ်တွင်းမှာ ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။

ရှမ်းပိုင်းရပ်ကွက်မှာ ပြန်လည်နေထိုင်နေသူ တစ်ဦးက “၆ လလောက်လည်း ကြာပြီ။ မြို့လည်း မသိမ်းနိုင်သေးဘူး ဆိုတော့ ရှောင်ကြတဲ့သူတွေ ပြန်လာကြာတာပေါ့။ တကယ်လည်း သူများ မြို့ရွာမှာနေရတာ အဆင်မှ မပြေတာ။ ရေရှည်လုပ်စားဖို့ မရှိ၊ ထောက်ပံ့တဲ့လူ မရှိလေ။ လူများလာတော့လည်း သူတို့ ထိန်းချုပ်လို့ ရသွားတာပေါ့။ ပြည်သူတွေ ရှိနေရင် တော်လှန်ရေးဖက်က လာမတိုက်ဘူးလေ” လို့ ပြောပါတယ်။

မေလ ၂၅ ရက် ဝန်းကျင်ကနေ ဒီနေ့(ဇွန် ၁)ရက်နေ့အထိ စစ်ကောင် လက်အောက်ခံ စည်ပင်သာယာရေး(စည်ပင်) ဝန်ထမ်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း ၅၀၀ နီးပါးခန့် ပြန်ဝင်လာကြပြီး အ.ထ.က ၁ ကျောင်းမှာလည်း ကျောင်းအပ်နှံသူ ၁၀၀၀ နီးပါးခန့် ရှိနေပြီလို့ နေရပ်ပြန် စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး (ထွေအုပ်) ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား(လဝက)နဲ့ စည်ပင် စတဲ့ ဦးစီးဌာနရုံးတွေ ဖွင့်လှစ်ပြီလို့ မနေ့(မေ ၃၁)က ကြေညာခဲ့ပြီး နေရပ်ပြန် စစ်ဘေးရှောင်တွေကို ကျောင်းအပ်ကြဖို့ ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေက ဆော်ဪနေကြတယ်လို့ ဆိုပါတယ်။

နမ့်ဘော်ဝမ်ရပ်ကွက်ကို ပြန်ရောက်နေသူ တစ်ဦးက “အပြန်လမ်းကတော့ ဘာအန္တရာယ်မှ မရှိဘူး။ ဂိတ်တွေတော့ များလာတယ်။ နွားလဘိုးမှာဆိုရင် တော်လှန်ရေးဘက်လည်း မဟုတ်။ စစ်တပ်ဘက်လည်း မဟုတ် ဘယ်ကမှန်းမသိ လက်နက်ကိုင်တွေ ရောက်နေတယ်။ စစ်တပ်ဂိတ်တွေတော့ တအားရစ်တယ်။ မသင်္ကာရင် ဖမ်းခေါ်ပြီး စစ်မှုထမ်းခိုင်းနေတာတွေ ကြားရတယ်။ အရမ်းမလိုအပ်ရင်တော့ မပြန်စေချင်ဘူး။ စစ်တပ်ကတော့ သူတို့ ထိန်းချုပ်ပြီဆိုတာနဲ့ လူသားဒိုင်း လုပ်တော့မှာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မတ်လအကုန်မှာ ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက် အဲဒီကနေတဆင့် စစ်အင်အား ၅၀၀ ကျော်နဲ့ ချီတက်လာပြီး ဆီဆိုင်၊ မိုးဗြဲနဲ့ လွိုင်ကော် ၃ မျိုးလုံးကို သွားနိုင်တဲ့ လမ်းဆုံမှာ နေရာယူထားကာ မကြာမီအချိန်အတွင်း လွိုင်ကောက်မြို့ကို ထိုးစစ်ဆင်ပြီး အလုံးစုံထိန်းချုပ်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ကရင်နီပြည်မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးဟာ ၆ လကြာပြီးနောက် ရှားတောနဲ့ မယ်စဲ့ ၂ မြို့နယ်သာ ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်မြို့နယ် တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဖက်က အထိအခိုက် အကျအဆုံး များခဲ့ပေမယ့် လက်ရှိ အချိန်အထိ အပြည့်အဝထိန်းချုပ်နိုင်တာမျိုး မရှိသေးဘဲ ရပ်ကွက်တချို့မှာ တိုက်ပွဲပြင်းထန်သေးတယ်လို့ ဆိုပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေ အနေနဲ့ ညောင်ရွှေ – ရွှေညောင် – အေးသာယာ – တောင်ကြီး – လွိုင်ကော် ပြေးဆွဲနေတဲ့ကားတွေ ၃ ရက်တစ်ကြိမ်နှုန်းနဲ့ အစီး ၆၀ ခန့် ပြေးဆွဲပေးနေပြီး နေရပ်ပြန်သူတွေ တဖြည်းဖြည်း တိုးလာပေမယ့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူတွေက နောင်ယားရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးနဲ့ မြေမြုပ်မိုင်း အန္တရာယ် ကြုံရနိုင်သေးတာကြောင့် နေရပ်မပြန်ကြသေးဖို့ တောင်းဆိုထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now