မြန်မာ့နွေဦး

အာဏာပိုင်အဆင့်ဆင့် ဘတ်သန်းချီ လာဘ်ထိုးပြီး တောင်မြေဖြိုပြီး တာချီလိတ်မှာ ရောင်းစားနေ

မဲခေါင် 29 May - 2024
တာချီလိတ် ဟောင်လိတ်အုပ်စု လွယ်ယွန်းခမ်းစေတီအနီး ဧက ၄၀ လောက်ရှိတဲ့ ဧရိယာအတွင်း ခရိုင်အုပ်ချုပ်ရေးကို လာဘ်ငွေပေး တောင်မြေဖြိုပြီး ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ မေ ၂၉

တာချီလိတ် ဟောင်လိတ်အုပ်စု လွယ်ယွန်းခမ်းစေတီအနီး ဧက ၄၀ လောက်ရှိတဲ့ ဧရိယာအတွင်း ခရိုင်အုပ်ချုပ်ရေးကို လာဘ်ငွေပေး တောင်မြေဖြိုပြီး ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့အတွင်း ခြံမြေဖို့လိုအပ်နေတဲ့ မြေတွေကို အာဏာပိုင်တွေနဲ့ပေါင်းပြီး မြို့ပြင်တောင်တွေကိုဖြိုကာ တစ်စီးကို ဘတ် ၅၀၀ မှ ၈၀၀ အတွင်း သယ်ယူရောင်းချနေတာဖြစ်ပါတယ်။

တောင်တွေကို မြေဖြိုဖို့အတွက် ဧက ၂၀ ကျော်အကျယ်အဝန်းရှိတဲ့ မြေဧရိယာအတွင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ကို ဘတ်(၄)သန်းကျော်လာဘ်ထိုးပြီး မြေရောင်းစားတဲ့အလုပ်ကို လုပ်နေတာလို့ သိရပါတယ်။

“မြို့ထဲ မြေသယ်တာကို တရားဝင်သယ်ခွင့်မရှိဘူး၊ အရင်ကတော့ ဖမ်းတာစီးတာကြားရတယ်။ အခုကတော့ အာဏာပိုင်တွေနဲ့ ဘယ်လိုပေါင်းပြီး လုပ်နေလဲတော့မသိဘူး။ ပိုက်ဆံမပေးဘဲနဲ့တော့ ဒီလုပ်ငန်းလုပ်လို့မရဘူး။ ဘတ်သန်းချီပေးရတယ်တော့ကြားတယ်။ မြေဖို့၊ မြေသယ်တာတွေ တွေ့နေရာတာပဲ။ မြို့ပြင်မှာဆိုရင် ကားကြီး ကားငယ်တွေအပြည့်ပဲ၊ အရင်က တစ်စီးကို ဘတ် ၁၅၀၀ လောက်ထိ ဈေးတက်ဖူးတယ်။ အခု ဘတ် ၅၀၀ ကျော်နဲ့ မြေဖို့လို့ရနေတာပဲ” လို့ မဲခေါင်သတင်းဌာနရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တောင်မြေဖြိုပြီး မြေရောင်းစားနေတဲ့နေရာမှာ လွယ်ယွန်းခမ်းစေတီအနီး ရွေမဟာမဲခေါင် Gas အရောင်းဆိုင်အနောက်ဘက်က တောင်မြေကွက်အကျယ်ကြီးအတွင်း မြေတူးစက်တွေနဲ့ တူးဖေါ်ကာ လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့တွင်း လယ်မြေများ မြေကွက်ရိုက်ရောင်းချနေတဲ့အတွက် ပြည်ထောင်စုအဆင့်အစိုးရက ခြံကွက်အတွင်းမြေဖို့ခွင့်ကို ပိတ်ပင်ထားတာဖြစ်ပြီး အခုမြေရောင်းစားနေမှုမှာ တရားမဝင် လာဘ်ငွေပေးပြီး မြေသယ်ယူရောင်းချနေတာဖြစ်တယ်လို့သိပါတယ်။

မြေသယ်ကားတွေ မြို့တွင်း အဖုံးအကာမရှိဘဲ သွားလာနေတာကြောင့် လမ်းတစ်လျှောက်မြေကြီးတွေကျပြီး မြို့တွင်း သာယာလှပမှုမရှိဘဲ ဖုန်တွေရွံတွေနဲ့ ဒေသခံတွေအတွက် စိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့လည်း သိရပါတယ်။

“မြေကားတွေက တအားမောင်းတာ၊ တစ်လမ်းလုံးဖုန်တွေချည်းပဲ။ စည်းကမ်းလည်း မရှိကြဘူး။ မြေကားလာရင် ဝေးဝေးက ရှောင်နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွယ်ယွန်းခန်းအနီး မြေတောင်မှ ကားတစ်စီးကို ဘတ် ၈၀၀ ခန့်လောက်နဲ့ နေ့စဉ် ကားအစီးရေ ထောင်ချီ မြို့တွင်း သယ်ယူရောင်းချနေတာ ဖြစ်ပါတယ်။

တာချီလိတ်မြို့အတွင်း လယ်ယာ၊ ဥယာဉ်မြေများကို အခြေားမြေအသုံးပြုခွင့် လျောက်ထားခြင်းမရှိဘဲ လူနေအိမ်၊ မြေကွက်ဖေါ်ထုတ် ရောင်းချနေမှုကို လုံးဝလုပ်ဆောင်ခြင်းမပြုရန် ၂၀၂၀ ခုနှစ်ကတည်းက ဌာနဆိုင်ရာအဆင့်ဆင့် ကြပ်မတ်ရန် ပြည်ထောင်စုအဆင့် အစိုးရက ညွှန်ကြားချက်ထုတ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now