မဲခေါင်၊ မေ ၂၃
မေ ၁၉ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီ အလောင်းကို မေ ၂၁ ရက်နေ့က တာဘရစ်ဇ်မြို့ကနေ စတင်လို့ နိုင်ငံတစ်ဝန်း မြို့တွေဆီ ၃ ရက်ကြာ လှည့်ပတ်ပြသခဲ့ရာ လမ်းတွေပေါ် လူသိန်းသန်းချီ တက်ရောက် ခဲ့ကြပါတယ်။
ဒီရဟတ်ယာဉ်ပျက်ကျမှုမှာ ရိုင်ဆီအပြင် နိုင်ငံခြားရေးဝန်ကြီးအပါ နောက်ထပ် အရာရှိ ၇ ယောက်ပါ သေဆုံးခဲ့ရ လို့ အလောင်းအားလုံးကို တစ်ပြိုင်တည်းပြင်ဆင်ပြီး အားလုံးမြို့လှည့် ပြသခဲ့တာဖြစ်ပါတယ်။ မေ ၂၁ ရက်နေ့က လှည်ပတ်မှုမှာ တာဘရစ်ဇ်မြို့လမ်းတွေပေါ် အီရန်နိုင်ငံသား သန်းချီ လမ်းပေါ်ထွက် ဂုဏ်ပြုခဲ့ကြသလို အတိုက် အခံလုပ် အောင်ပွဲခံမယ့်အဖွဲ့တွေကိုလည်း လိုက်ရှာပြီး ပြင်းထန်စွာ ပြစ်ဒဏ်ပေးဖို့ အမိန့်ထုတ်ထားကြောင်း သိရှိ ရပါတယ်။
ရိုင်ဆီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း အီရန်မှာ အတိုက်အခံနဲ့နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူဖြစ်လို့ သူ့သေဆုံးမှုမှာ အမေရိကန်အစိုးရက သွေးစွန်းလက်နဲ့ ရက်စက်သူ သေဆုံးခြင်းသာဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရိုင်ဆီအလောင်းကို မွေးရပ် မက်ရှ်ဟက်စ်မြို့မှာ မေ ၂၃ ရက် ကြာသပတေးနေ့ ညနေပိုင်းမှာ မြေမြုပ်မှာ ဖြစ်ရာ အီရန်နဲ့ နျူကလီးယားမဟာမိတ်ဖွဲ့ထားတဲ့ ရုရှား သမ္မတ ပူတင်ကိုယ်တိုင် ဒီဈာပနကို Sukhoi 35 ဂျက်ဖိုက်တာ လေယာဉ် ၄ စီး အသွားအပြန်ခြံရန်ပြီး တက်ရောက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
MKF – 001
Ref:Thesun









