ဒေသတွင်းသတင်း

တာချီလိတ်ဘုန်းကြီးပျံလာတဲ့ စစ်ခေါင်းဆောင် နေ့ချင်းပြန်ပြေး

မဲခေါင် 6 Apr - 2024
တာချီလိတ်မြို့သို ဘုန်းကြီးပျံကိစ္စအတွက် ဧပြှီလ ၅ ရက် နေ့လယ်မှာ ရောက်ရှိလာတဲ့ စစ်ခေါင်းဆောင်ဟာ ညနေပိုင်းမှာပဲ လာတဲ့လေယာဉ်နဲ့ ပြန်သွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၆

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို ဘုန်းကြီးပျံကိစ္စအတွက် ဧပြှီလ ၅ ရက် နေ့လယ်မှာ ရောက်ရှိလာတဲ့ စစ်ခေါင်းဆောင်ဟာ ညနေပိုင်းမှာပဲ လာတဲ့လေယာဉ်နဲ့ ပြန်သွားတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ ယနေ့ ဧပြီ ၆ ရက် မှာ ပြုလုပ်မယ့် နဂါးနှှစ်ကောင်ဆရာတော်ဘုရားရဲ့ စျာပနအခမ်းအနားကို မနေ့က နေ့လည်၁၂ နာရီခန့်မှာ ရောက်လာပြီးနောက် ညနေပိုင်း ၅ နာရီခန့်မှာ ပြန်သွားတာလို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

“ကြားတာတော့ ထပ်မလာတော့ဘူးကြားတယ်၊ ညှိ/ကွပ် မောင်မောင်အေးကို လွှဲခဲ့တယ်လို့ကြားတယ်၊ သူတို့လူတွေကလွဲလို့ အနားကပ်လို့ မရဘူး၊ ဖုန်းမရိုက်ရ၊ အိတ်မပါရ၊ ရေဘူးတောင် ယူလို့မရဘူး၊ အရမ်းစစ်နေတာ၊ ၁၅ မိုင် ပတ်ပတ်လည်မှာလဲ တပ်တွေဖြန့်ချထားတယ်၊ မြို့ထဲမှာလဲ လုံခြုံရေး အရမ်းတင်းကြပ်ထားတာ၊ သူပြန်သွားတာ ကောင်းပါတယ်၊ မြို့အတွက် အန္တရာယ်လျော့သွား တာပေါ” လို့ ဒေသ သတင်းအရင်းအမြစ်က မဲခေါင်ကို ပြောပါတယ်။

စျာပနပွဲလာရောက်သူတွေအနေနဲ့ နံပါတ်စဉ်တပ် လည်ဆွဲတွေတပ်ဖို့၊ အိတ်တွေ ရေဗူးနဲ့ဖုန်းတွေ ယူဆောင်ခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

နဂါးနှစ်ကောင် ဆရာတော်ရဲ့ စျာပနအစီအစဉ်မှာ ယနေ့ ဧပြီလ ၆ ရက် နေ့လည် ၁၂ နာရီမှာ နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ပင့်ဆောင်ပူဇော်တာ၊ ညနေ ၃နာရီမှာ စျာပနမဏ္ဍပ်မှာ ပံ့သကူသင်္ကန်းလှူဒါန်းတာ၊ တရားနာရေစက်ချတာတွေပြုလုပ်ပြီးနောက် တေဇောဓာတ်နဲ့ အန္တိမအဂ္ဂိစျာပနပူဇော်တာတွေ ပြုလုပ်မှာ လို့ သိရပါတယ်။

သက်တော် ၉၇ နှစ်၊ ၀ါတော် ၇၇ နှစ် ရှိတဲ့ နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်ရဲ့ ဦးစီးပဓာန နာယက ဘဒ္ဒန္တဓမ္မသီရိ ဆရာတော်ဘုရားကြီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၀၀ နာရီ ၀၂ မိနစ်အချိန်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now