ဆောင်းပါး

မျက်နှာပြောင်သူခိုး (သို့မဟုတ်) ကမ္ဘာ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးပေါ်ခေါင်းလောင်းသံ

မဲခေါင် 3 Mar - 2024
အားနည်းချက်တွေရှိတဲ့ Barracuda email software ကနေတစ်ဆင့် တရုတ်အစိုးရစပွန်ဆာပေးထားတဲ့ ဟက်ကာစီမံကိန်းကြီးက ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းပေါင်း ရာချီဆီက အရေးအပါဆုံးသော အချက်အလက်တွေကို ခိုးယူမှုအတွက် ဆိုက်ဘာလုံခြုံရေး စူပါပါဝါ Mandiant ရဲ့ နောက်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှုကြီးကတော့ အုံးအုံးထစေခဲ့ပါပြီ။

လင်းမောင်

အားနည်းချက်တွေရှိတဲ့ Barracuda email software ကနေတစ်ဆင့် တရုတ်အစိုးရစပွန်ဆာပေးထားတဲ့ ဟက်ကာစီမံကိန်းကြီးက ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းပေါင်း ရာချီဆီက အရေးအပါဆုံးသော အချက်အလက်တွေကို ခိုးယူမှုအတွက် ဆိုက်ဘာလုံခြုံရေး စူပါပါဝါ Mandiant ရဲ့ နောက်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှုကြီးကတော့ အုံးအုံးထစေခဲ့ပါပြီ။ Hack ပြီး ခိုးယူခံရမှုအားလုံးရဲ့ ၃ ပုံ ၁ ပုံလောက်က အာရှနဲ့ဥရောပတစ်လွှားက အရေးအပါဆုံးသော အစိုးရအေဂျင်စီတွေ၊ အမျိုးမျိုးအထွေထွေ သော နိုင်ငံခြားရေးဝန်ကြီးဌာန လျှို့ဝှက်ချက်တွေဖြစ်နေလို့ပါ။ Mandiant ဟာ ဒီအရေးကို အထူးမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ သံတမန်အဖွဲ့အစည်း မဟာဗျူဟာအစည်းအဝေးမှာတင်ပြသွားတာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ Hacker တွေဟာ အရေးအကြီးဆုံး ပထဝီနိုင်ငံရေးနဲ့ အားသာမှုရရေးအတွက် မူဝါဒဆိုင်ရာထိုးထွင်းသိမြင်မှုတွေကိုရယူဖို့ပဲ။ ဒါဟာ တရုတ်ရဲ့ သီးခြားတိုက်ခိုက်မှုတစ်ခုလိုမျိုးတော့မဟုတ်ဘူး။

ပြီးခဲ့တဲ့လကပဲ FBI ဒါရိုက်တာ ခရစ္စတိုဖာဝရေးက တရုတ် Hacker တွေဟာ တခြားသောနိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးအရေးကြီးအချက်အလက်တွေကို ခိုးယူမှုထက် အမေရိကန်သားတွေနဲ့ စီးပွားရေးအချက်အလက်မှတ် တမ်းတွေကို ပိုပြီးခိုးယူကြတယ်လို့ ထုတ်ပြန်ပြောဆိုသွားတယ်။ အမေရိကန် အမျိုးသားတန်ပြန်ထောက်လှမ်း ရေးအဖွဲ့အကြီးအကဲ မိုက်ကယ်အော်လန်ဒိုကလည်း ခရစ္စတိုဖာ၀ရေးစကားကို ထပ်လောင်းထောက်ခံခြင်းအဖြစ် တရုတ်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေဆီက တီထွင်ဆန်းသစ်မှုအသစ်တွေကို အာသာမပြေ၊ အဆုံးမသတ်တဲ့ ခိုးယူနေမှုကြီးကနေ ခိုးထည် ကြွယ်၀နေမှုကြီးက ပိုပြီး သတိကြီးကြီးထားရတော့မယ့်အနေအထားဖြစ်လာပြီလို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။ အမေရိကန် ထိပ်တန်းစုံစမ်းထောက်လှမ်းရေးအေဂျင်စီတွေကလည်း ပေကျင်းအစိုးရလက်တံ Hacker တွေ ဒဏ်ခံစားနေတဲ့အထဲ အင်အားကြီးကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ Anthem ၊ အာမခံလုပ်ငန်းတွေထဲမှာ Equifax လိုအဖွဲ့ကြီး၊ ဖျော်ဖြေရေးအုပ်စုကြီးတွေထဲမှာဆို Sony ကနေ MGN Studios ၊ နည်းပညာလုပ်ငန်းကြီးတွေထဲမှာဆို IBM၊ Cisco၊ Microsoft နဲ့ Intel တို့အစ မလွတ်ဘဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်ချီ အချက်အလက်တွေ ခိုးယူခံနေရတယ်လို့ အတည်ပြု သတိပေးနေကြပါပြီ။ ဒီအခြေအနေကိုကြည့်ရင် ဉာဏ်ရည်တု (AI)၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဇီ၀ဆေးဝါး၊ အာရုံခံစနစ်နဲ့မောင်းနှင်တဲ့ ယာဉ်၊ ရေငုပ်သင်္ဘော ကာကွယ်ရေးကန်ထရိုက်လုပ်ငန်းကအစ တစ်ခုမှ တရုတ် Hacker လက်နဲ့ မကင်းနိုင်ခဲ့တာ မြင်သာပါပြီ။

မနှစ်လေးတင်ကပဲ နေတိုးအဖွဲ့ရဲ့ လုံခြုံရေးစနစ်တွေကိုစီစဉ်ဆောင်ရွက်ပေးတဲ့ စပိန်ကာကွယ်ရေးကန်ထရိုက်တာ Indra ဆီက အော်ပရေးရှင်းအချက်အလက်တွေကို တရုတ်ဘက်က ခိုးယူသွားတာ သိရှိခဲ့ရတယ်။ အမေရိကန် လေကြောင်းနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Boeing နဲ့ GE တို့လို့ အဖွဲ့တွေလည်း တရုတ်ဆိုက်ဘာစပိုင်တွေ လက် ချက်မိပြီး အရေးကြီးအချက်အလက်တွေ ခိုးယူခံခဲ့ရတယ်။ GE အင်ဂျင်နီယာဟောင်း Zheng Xiaoqing ဆိုသူလည်း တရုတ်ကုမ္ပဏီတွေအတွက် ပါဝါတာဘိုင်နည်းပညာဆိုင်ရာ ကုမ္ပဏီလျှို့ဝှက်ချက်တွေကို ခိုးယူပေးမှု နဲ့ ယခုဇန်နဝါရီလထဲ တရားစွဲခံရတယ်။ တရုတ် ဆက်စပ် Hacker တွေကစီးပွားရေးနဲ့ ထိရှလွယ်အစိုးရ အချက်အလက်တွေကို မဆုတ်မနစ် ခိုးယူနေဆဲပဲ။ တရုတ်ရဲ့ လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင် ခြင်းကအစ နည်းမျိုးစုံနဲ့နိုင်ငံတကာအချက်အလက်တွေကို အရှိန်အဟုန်နဲ့ပံ့ပိုးထောက်ပံ့လုယက်နေမှုအပေါ် အစွဲအလမ်းကြီးနေခြင်းမှာ ဘယ်အရာက လှုံ့ဆော်ပေးနေတာပါလဲ။

သူတို့သာ စက်မှုလုပ်ငန်းကအစ တယ်လီကွန်း လုပ်ငန်း အဆုံး အားလုံးထက် အသာစီးရဖို့ ခိုးချခြင်း၊ ခိုးယူခြင်း အပေါ် သဲကြီးမဲကြီး အားကိုးအားထားပြုနေတာဖြစ်တယ်။ ဒီလို ခိုးရာပါ အချက်အလက်တွေကနေ သူတို့ ထုတ်ကုန်လုပ်ငန်းတိုင်းမှာ မမျှတတဲ့ အသာစီးရယူမှုကိုလုပ်ယူကြတယ်။ ဉာဏ်ရည်တု၊ ကွမ်တန်ကွန်ပျူတာ၊ ဇီ၀ ဆေးဝါး၊ နည်းပညာသစ်အားလုံးကို ခိုးယူခြင်းကနေ 6G စနစ်မှာလိုအပ်တဲ့ လူသားအပြုအမူ၊ ပိုပြီးအားကောင်းတဲ့ သုတေသနပြုမှုတွေကို လုပ်နိုင်စေဖို့ လုပ်တယ်။ တရုတ်နိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက်ဆိုင်ရာ ပေါင်းစပ် မဟာဗျူဟာဟာ ခိုးယူထားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံခြားကျွမ်းကျင်သူတွေရဲ့ ရှာဖွေတွေ့ရှိမှု တွေကို ခိုးပြီး စစ်အင်အားအဖြစ် ပြောင်းလဲဖို့ အထူးရည်ရွယ်တာဖြစ်ပါတယ်။ မူဝါဒက စီးပွားရေးဆိုင်ရာ ကြီးစိုးခြယ်လှယ်နိုင်မှု တစ်ခုတည်းကြောင့်မဟုတ်ဘဲ အားလုံးရဲ့ အမျိုးသားလုံခြုံရေးပိုင်းကိုပါ ခြိမ်းခြောက်လာတယ်။ APT-10 လို အရေးပါတဲ့အခြေခံအဆောက်အအုံတွေထဲ စိမ့်ဝင်တဲ့ အုပ်စုတွေ အချက်အလက်ခိုးယူမှုအပိုင်းမှာ အသာစီးရနေတဲ့ အကြောင်း ဆိုက်ဘာအေဂျင်စီတွေက သတိပေးနေကြပေမယ့် တုံ့ပြန်မှုတွေကတော့ အစိတ်စိတ်အမွာမွာ ကွဲနေပါ တယ်။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် အရာရှိ ၅ ယောက်ရဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ဖော်ထုတ်နိုင်ပြီးနောက် အမေရိကန်နဲ့ တရုတ်တို့ ၂၀၁၅ ခုနှစ်မှာ စီးပွားရေးဆိုင်ရာ ဆိုက်ဘာခိုးယူမှု ပပျောက်ရေး စာချုပ် ချုပ်ဆိုခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရဟာ ဗျူဟာပြောင်းပြီး ဒေသခံ ကန်ထရိုက် တာတွေဘက်ကို ဦးလှည့်လို့ information requests တွေကို Block လုပ်၊ အမေရိကန်နဲ့ မဟာမိတ်တွေကို ဆက်ပြီး ဆိုက်ဘာတိုက်ခိုက်မှု၊ အချက်အလက်ခိုးယူမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်မကောင်းသတင်းတွေထဲမှာ တရုတ်ကွန်မြူနစ်ပါတီရန်ပုံငွေနဲ့သွားတဲ့ Fox Hunt နဲ့ Operation Skeleton Key ပရိုဂရမ်တွေက သူတို့လုပ်ရပ်တွေကို အသံတိတ်နေစေမယ့် ဥရောပနဲ့ အမေရိကက လက်အောက် ဝင်ကစွပ်ကုမ္ပဏီ ၅၀၀ ကျော်ကို လက်သပ်မွေးထားနိုင်ပါတယ်လို့ ဆိုပါတယ်။

CIA ရဲ့ မမျှော်လင့်တဲ့ ဖြစ်ရပ်အဖြစ် ၂၀၁၀ ကနေ ၂၀၁၂ အထိရှိတဲ့ အရေးကြီးအချက်အလက်ပေါင်းထောင်ချီ တရုတ်ဆီ ပေါက်ကြား ရောက်ရှိမှုဟာ Cambridge Five ဆိုဗီယက်သူလျှိုအဖွဲ့ အချက်အလက်ပေါက်ကြားမှု ထက်မနည်းတဲ့ ပျက်ဆီးမှုမျိုးပါ။ ဒီလိုဖြစ်စဉ်တွေဟာ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ချို့ယွင်းစေခဲ့ တာ ရှင်းလင်းမြင်သာစေပါပြီ။ တရုတ်နိုင်ငံရဲ့ အချက်အလက်အစုလိုက်အပြုံလိုက် ခိုးယူနေရမှုကြောင့် လစ်ဘရယ်ဒီမိုကရေစီတွေရဲ့သံတမန်ရေးရာ မူဝါဒတွေကို ပြန်လည်စမ်းစစ်ဖို့ လိုနေပါပြီ။ ပထမဆုံးအနေနဲ့ ပြည်တွင်း စပိုင်ဖမ်းဆီးရေးအဖွဲ့တွေဖြစ်တဲ့ MI5 နဲ့ MI6 အပါ တန်ပြန်ထောက်လှမ်းရေးအေဂျင်စီတွေဟာ တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ၊ တရားမဝင် နည်းပညာဆိုင်ရာ တိုက်ရိုက်နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှု နဲ့ ငွေကြေးလွှဲပြောင်းပေးမှုတွေကို မဖြစ်မနေ အာရုံစိုက် စစ်ဆေးဖို့လိုပါတယ်။ ပညာရေး ကူးလူးဖလှယ်မှု၊ ဇီ၀ ဆေးဝါးဆိုင်ရာလုပ်ငန်းတွေမှာ တရုတ်နဲ့ ပူးပေါင်းသုတေသနပြုမှု၊ ဒစ်ဂျစ်တယ်လက်ဗွေစနစ်တွေကို သေချာ လေ့လာစောင့်ကြည့်တာတွေ၊ တရားမဝင်တဲ့ ပရိုဖိုင်အတုတွေသုံးပြီး အရေးကြီးတဲ့ အချက်အလက်တွေ ခိုးယူမှု တွေကို တန်ပြန်ထောက်လှမ်းစုံစမ်းထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

တရုတ်နဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့နည်းပညာဆိုင်ရာလုပ်ငန်းတွေကနေ အခြေခံကအစ နည်းပညာသစ်တွေ အထိ သူတို့ရယူနိုင်တာကို ထိန်းချုပ်ကန့်သတ်ရမယ်။ ဥပမာအားဖြင့် Wassenaar Arrangement လို ဖိုရမ်မျိုးကနေ တရုတ်ဟာ သူတို့စစ်တပ်အတွက် မောင်းသူမဲ့ လေကြောင်းစနစ်တွေကို ရယူသွားနိုင်တယ်။ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ထိုဝမ်တို့ဆိုရင်တရုတ်ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDIကို မျက်ခြေမပြတ်တမ်း စောင့်ကြည့် နေတဲ့ကြားက ဒေသတွင်း လုပ်ငန်းတွေကနေတစ်ဆင့် တရုတ်ရဲ့ ဖောက်စားခံရမှုတွေ ခံနေကြရပါတယ်။ ဒါကြောင့် ဒေသတွင် မှောင်ခိုစျေးကွက်ကို ဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေကို အရေးယူခြင်းနဲ့ တရုတ်ရဲ့ ဖောက်စား မှုကို တားဆီးဖို့ မျက်ခြေမပြတ် ဒေါက်ထောက်ကြည့်နေကြရပါတယ်။

နောက်ဆုံး တရုတ်ရန်ကို တားဆီးဖို့ အခက်အခဲဖြစ်နေစေတာတွေကို ဖျက်ပစ်ရမယ်။ သူတို့နဲ့ပတ်သက်လို့ ဘာ တရားခံလွှဲပြောင်းရေးသဘောတူစာချုပ် ရှိမနေတာကို နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်မှုပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွေ၊ မဟာမိတ်တွေက ခြေရာခံ၊ လက်သည်ဖော်ထုတ်၊ အထူး နိုင်ငံတကာ တရားရုံးမှာ တရားစီရင်းခြင်းနဲ့ လူသိရှင်ကြား ဖြေရှင်းပြနိုင်ဖို့ လိုပါလိမ့်မယ်။ Hacker တွေက သူတို့ကို နောက်က တရုတ်အစိုးရ အကာအကွယ် မပေးနိုင်ပါလားဆိုတာ သိသွားရင် ဟန့်တားနိုင်စွမ်း မြင့်တက်လာမယ်။
ဒီနေ့ ကမ္ဘာ့ ထိပ်တန်းအစိုးရတွေမှာ၊ ထိပ်တန်းစီးပွားရေး လုပ်ငန်းတွေမှာ၊ ထိပ်တန်း သိပ္ပံပညာ၊ နည်းပညာ လုပ် ငန်းတွေမှာ အာကာသ၊ ဆေးဝါးနဲ့ ကာကွယ်ဆေး၊ လက်နက်ထုတ်လုပ်ရေး၊ အာကာသ ပညာရပ် နယ်ပယ်အသီး သီး အချက်အလက်အစုလိုက်အပြုံလိုက် မျက်နှာပြောင်တိုက် ခိုးယူရုံနဲ့ သုတေသန စားရိတ်၊ လေ့လာတီထွင် စားရိတ်တွေမသုံးရ၊ သူတစ်ပါးရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းတွေ အလကားယူပြီး နေရာတိုင်း အားလုံးထက် အသာရစေဖို့ တရုတ်ကို တားဆီးနိုင်ဖို့ အားလုံးပါဝင်တဲ့ လုံခြုံရေးစနစ်၊ ကာကွယ်ရေးစနစ်၊ တန်ပြန်ခြင်းစနစ်တွေ ကို ထူထောင်ထားသင့်ပါပြီ။ တရုတ်ရဲ့ ဗဟာဗျူဟာ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ မဟာဗျူဟာမှာ ကိုယ်ရေး ကိုယ်တာ (Privacy) ဆိုတာကို ဘယ်တော့မှ ဦးစားမပေးပါဘူး။ သူ့ပြည်သူတွေကို ထိန်းချုပ်နိုင်ရေးဆိုပြီး ပြည်တွင်းနေပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကိုပဲ ပျံ့နှံ့နေနေ အားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဘာတွေလုပ်နေ သလဲဆိုတာတွေကို သိနိုင်၊ စောင့်ကြည့်နိုင်မယ့် မျက်နှာဖတ်ရှု တန်းသိနိုင်တဲ့ နည်းပညာ၊ Great Firewall လို့ ပြည်သူ့စောင့်ကြည့် ထောက်လှမ်းရေး ရင်းမြစ်တွေ အားလုံး ထူထောင်ထားတယ်။

တရုတ်ဟာ ဆင်ဆာစနစ်၊ ဆိုရှယ်ခရက်ဒစ်စနစ်တွေနဲ့ ပြည်သူကို အသံတိတ်နေအောင် ဖိနှိပ်ခြိမ်းခြောက်ထားရင်းက ခြေလှမ်းတွေဟာ မဟာပြိုင်ဘက် အမေရိကန်ကိုသာမက နိုင်ငံအသီးသီးက အရေးကြီးအချက်အလက်တွေကိုပါ ကြားဖြတ်ခိုးယူပြီး နည်းပညာ၊ စီးပွားရေး၊ စစ်ရေး နေရာတိုင်းမှာ အသာရဖို့ မျက်နှာပြောင်တိုက်ရင်း လိုဘတွေလည်း ပြည့်သထက်ပြည့်ရုံမက လွန်ပြီးပါ ရရှိနေခဲ့ပါပြီ။ ပြည်တွင်းသာမက တစ်ကမ္ဘာလုံးကိုပါ ထိန်းချုပ်နိုင်ဖို့အရေး သူတို့မှာ ကျင့်ဝတ်နဲ့ တရားဥပဒေဆိုတာ မျက်ကွယ်ပြုပြီး ကမ္ဘာကို ခြိမ်းခြောက်နေတာ ဖြစ်ပါတော့တယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now