မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးနယ်စပ်ဖြတ်ကျော်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သွေးချောင်းစီး သတ်ဖြတ် သွားမှုမှာ အဓိက စီမံစေခိုင်းသူ ဟားမက်စ်ခေါင်းဆောင် ယာဟွာဆင်ဝါဟာ ဓားစာခံတွေကို လူသားဒိုင်းလုပ်ပြီး အိမ်နီးချင်း အီဂျစ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အစ္စရေးတပ်တွေဟာ ဂါဇာမြေအောင်ဥမင်ထွေထဲကနေ ယာဟွာဆင်ဝါ သားသမီးငယ်တွေနဲ့ အတူ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စီစီတီဗီမှတ်တမ်းကို ရရှိခဲ့ပြီး ဆင်ဝါဟာ ဂါဇာရဲ့ နောက်ဆုံး ခံတပ်မြို့ ရာဖာကနေ နယ်စပ်ဖြတ်ကျော်လို့ အီဂျစ်ထဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ထွက်သွားရာမှာ ပြန်ပေးဆွဲထားတဲ့ လက်ကျန် ဓားစာခံ ၁၃၀ ကျော်ကိုပါ လူသားဒိုင်းလုပ်ပြီး ခေါ်သွားတယ်လို့ ဆော်ဒီသတင်းစာ ကဖော်ပြသွားပါတယ်။
အစ္စရေးဘက်က ရာမာဒန်ဥပုသ်လ စအဝင်ဖြစ်နိုင်တဲ့ မတ် ၁၀ ရက်နေ့မှ ဓားစာခံအားလုံးကို လွှတ်မပေးရင် ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်းချေမှုန်းမယ်လို့ သတိပေးချက်ထုတ်ပြန်ထားသလို အမြန်ဆုံး စစ်ပြီးဆုံးချင်ရင် ယာဟွာဆင်ဝါကို ဟားမက်စ်တွေ ကိုယ်တိုင်ဖမ်းဆီးပြီး အပ်ရင်ဖြစ်နိုင်တယ်လို့ ရာဇသံပေးထားပါတယ်။
ဒါကြောင့် ဆော်ဒီသတင်းစာက ဆင်ဝါဟာ ဓားစာခံတွေကို လူသားဒိုင်းလုပ်ပြီး အီဂျစ်နိုင်ငံထဲ ထွက်ပြေးသွားပြီ လို့ ဖော်ပြခဲ့ပေမယ့် အစ္စရေးစစ်ဘက်အကြီးအကဲ တစ်ယောက်ကတော့ ဒီသတင်းအချက်အလက်ကို သူတို့ဘက် က ဘာမှ မရရှိသေးလို့ အတည်မပြုနိုင်ကြောင်း Times of Israel သတင်းမှာ ပြောသွားခဲ့ပါတယ်။
ဟားမက်စ်တပ်တွေဟာလည်း အစ္စရေးနဲ့ တိုက်ခိုက်နေချိန် လနဲ့ချီပြီး ယာဟွာဆင်ဝါကို ဘယ်သူမှ ဆက်သွယ် မရလို့ အမိန်းပေးမယ့် ခေါင်းဆောင်မရှိတဲ့အတွက် ညှိနှိုင်းဖို့အရေး၊ နိုင်ငံတကာဆက်ဆံရေးပိုင်းတွေအတွက် ခေါင်းဆောင်သစ်တင်မြှောက်ဖို့ အားချင်းစီစဉ်နေကြောင်းလည်း အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။
Ref:Thesun
MKF-001