ကမ္ဘာ့သတင်း

ပင်လယ်နီထဲမှာ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ဗြိတိန်ပိုင် ကုန်တင်သင်္ဘောတစ်စီး ထိခိုက်ပျက်စီး

မဲခေါင် 7 Feb - 2024
ဗြိတိန်ရေကြောင်းကုမ္ပဏီ Ambrey က သူတို့ပိုင် ကုန်တင်သင်္ဘော အရှေ့အလယ်ပိုင်း ပင်လယ်နီထဲ ခုတ်မောင်းစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျက်ဆီးမှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသေဆုံးမှု မရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့မှ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ဗြိတိန်ရေကြောင်းကုမ္ပဏီ Ambrey က သူတို့ပိုင် ကုန်တင်သင်္ဘော အရှေ့အလယ်ပိုင်း ပင်လယ်နီထဲ ခုတ်မောင်းစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျက်ဆီးမှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသေဆုံးမှု မရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့မှ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်တဲ့အဖွဲ့အစည်းဘယ်သူဆိုတာ ကြေညာမှုမရှိသေးပေမယ့် ယီမင်နိုင်ငံ ဟိုဒိုင်းဒါးမြို့ကနေ ပစ်ခတ်တာ ဖြစ်လို့ အီရန်ထောက်ပံ့ ဟူသီသူပုန်အဖွဲ့လက်ချက်သာ ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

နိုဝင်ဘာကတည်းက အစ္စရေး-ဟားမက်စ် စစ်ပွဲမှာ အစ္စရေးနဲ့ မဟာမိတ်တွေကို ဆန့်ကျင်မှုအဖြစ် အစ္စလာမ္မစ် လက်နက်ကိုင် အဖွဲ့ အသီးသီးဟာ အာရှနဲ့ဥရောပအတွက် အရေးအပါဆုံး ပင်လယ်နီထဲ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှုပေါင်း ဒါဇင်ချီ လုပ်ဆောင်နေခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သောကြာနေ့က ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်အခြေစိုက်စခန်းကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တာကြောင့် အမေရိကန်နဲ့ ဗြိတိန်တပ်တွေဟာ စနေနေ့က အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ မဟာမိတ်တပ်တွေအခြေစိုက်ရာ ပစ်မှတ် ၃၆ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် ရုရှားက အားချင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ မတည်မငြိမ်မှုနဲ့ စစ်ပွဲဖြစ်ပွား ဖို့ အလားအလာကို ဖော်ဆောင်တာဆိုပြီး အမေရိကန်ကို ရှုတ်ချခဲ့ပါတယ်။

အီရန်၊ တရုတ်တို့ကလည်း အမေရိကန် ကို နေ့စဉ် သူများအချုပ်အခြာအာဏာပိုင်နယ်မြေထဲ ပစ်ခတ်တိုက်ခိုက်နေတာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက် တာလို့ အစည်းအဝေးမှာ ရှုတ်ချခဲ့ပေမယ့် အမေရိကန်ဘက်က ငြင်းဆိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု အတွက် ရန်သူကို တိုက်ခိုက်ရတာသာဖြစ်ကြောင်း၊ ဆက်ပြီးလည်း အင်အားမြှင့်တင်တိုက်ခိုက်သွားဦးမယ်လို့ ထုတ်ပြန်သွားပါတယ်။

Ref: gulftoday
MKF-001

#MeKongNews

#ဗြိတိန်

#သင်္ဘော

#ပျက်စီး

#ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now