ကမ္ဘာ့သတင်း

အနောက်အင်အားစုတွေကို အသေခံတိုက်ခိုက်မှုတွေလုပ်ဖို့ ယီမင်နိုင်ငံထဲမှာ ဟူသီနဲ့ အယ်လ်ခိုင်းဒါးခေါင်းဆောင်တွေ လျှို့ဝှက် တွေ့ဆုံ

မဲခေါင် 26 Jan - 2024
ယီမင်နိုင်ငံတွင်း ထောက်လှမ်းရေးသတင်းရင်းမြစ်တွေအရ အီရန်စပွန်ဆာပေးထားတဲ့ ဟူသီအကြမ်းဖက်အဖွဲ့ဟာ အယ်လ်ခိုင်းဒါးအဖွဲ့ခေါင်းဆောင်တွေနဲ့ ယီမင်နိုင်ငံထဲ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး အနောက်မဟာမိတ် နိုင်ငံတွေကို အသေခံတိုက်ခိုက်မှု တစ်လှိုင်းပြီးတစ်လှိုင်း လုပ်ဆောင်ဖို့ ကြံစည်နေကြောင်း သိရှိရပါတယ်။

မဲခေါင်၊ ဇန်န၀ါရီ ၂၆

ယီမင်နိုင်ငံတွင်း ထောက်လှမ်းရေးသတင်းရင်းမြစ်တွေအရ အီရန်စပွန်ဆာပေးထားတဲ့ ဟူသီအကြမ်းဖက်အဖွဲ့ဟာ အယ်လ်ခိုင်းဒါးအဖွဲ့ခေါင်းဆောင်တွေနဲ့ ယီမင်နိုင်ငံထဲ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး အနောက်မဟာမိတ် နိုင်ငံတွေကို အသေခံတိုက်ခိုက်မှု တစ်လှိုင်းပြီးတစ်လှိုင်း လုပ်ဆောင်ဖို့ ကြံစည်နေကြောင်း သိရှိရပါတယ်။

ယီမင်နိုင်ငံနေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ ရှီယာမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဟာ ဟားမက်စ်ကို အစ္စရေးက ဝင်တိုက်ခိုက်နေလို့ လက်စားချေမှုအဖြစ် ကမ္ဘာ့ပင်လယ်ရေးကြောင်းကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်းရှိပြီး ပေါင် ၁ ထရီလီယံကုန်သွယ်တန်ကြေးရှိ ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ မဟာမိတ်ဗြိတိန်တို့ ပူးပေါင်းပြီး ယီမင် နိုင်ငံထဲက ဟူသီအဖွဲ့ရဲ့ အဓိက ပစ်မှတ်တွေကို ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဗြိတိန်မှာ သူတို့နိုင်ငံရဲ့ တန်ကြေးအကြီးဆုံး ပေါင် ၃ . ၅ ဘီလီယံတန် လေယာဉ်တင်သင်္ဘောကြီးကိုပါ ပင်လယ်နီထဲ ထပ်ပို့ဖို့ လွှတ်တော်မှာ ဆွေးနွေးနေပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အရင်က အိုဆမာဘင်လာဒင်ခေါင်းဆောင်ခဲ့တဲ့ အယ်လ်ခိုင်းဒါအဖွဲ့ဟာ ယီမင်နိုင်ငံထဲက ဟူသီသူပုန် အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပူပေါင်းပါဝင်လာခဲ့ပြီး အနောက်မဟာမိတ်တွေကို အသေခံတိုက်ခိုက်မှု တွေ တစ်လှိုင်းပြီးတစ်လှိုင်း ပြုလုပ်သွားဖို့ ယီမင်မြို့တော် ဆန်ညာနဲ့ ဟိုဒိုင်ဒါ ဆိပ်ကမ်းမြို့တွေမှာ နှစ်ကြိမ် လျှို့ဝှက်စည်းဝေးတိုင်ပင်မှုလုပ်ခဲ့ကြောင်း Sky News Arabia က ဖော်ပြသွားပါတယ်။

၉: ၁၁ တိုက်ခိုက်မှုတရားခံ အယ်လ်ခိုင်းဒါးအဖွဲ့ဟာ အမေရိကန်အစိုးရက ကမ္ဘာ့အန္တရာယ်အများဆုံး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းခံရပြီး ပင်လယ်နီကနေ မိုင် ၂၀ အကျယ်ရှိတဲ့ ဘပ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို မဖြစ်မနေ ကုန်တင်သင်္ဘောတွေ ဖြတ်သန်းလာရင် ဟူသီနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှု တိုးမြှင့်သွားဖို့လည်း စီစဉ်နေတာဖြစ်ကြောင်း Sky News Arabia မှာ ဖော်ပြသွားပါတယ်။

Ref: Sky News Arabia
MKF-001

#MeKongNews

#ဟူသီ

#ဆွေးနွေး

#တိုက်ခိုက်

#တစ်လှိုင်း

#အနောက်နိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now