မြန်မာ့နွေဦး

ပျားကျေးရွာမှာ ကလေးအပါအ၀င် လူ ၆ ဦးသတ်ပြီး ရွာမီးရှို့ခဲ့တဲ့ စစ်ကားကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေ

မဲခေါင် 9 Nov - 2023
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှာ ကလေးအပါအ၀င် လူ ၆ ဦးသတ်ပြီး ရွာမီးရှို့ကာ ပြန်ထွက်လာတဲ့ စစ်ကောင်စီ ကားတစ်စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှာ ကလေးအပါအ၀င် လူ ၆ ဦးသတ်ပြီး ရွာမီးရှို့ကာ ပြန်ထွက်လာတဲ့ စစ်ကောင်စီ ကားတစ်စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၇ ရက်နေ့၊ မနက်ပိုင်းမှာ ပျားကျေးရွာထဲကနေ ပြန်ထွက်လာတဲ့ စစ်သား ၁၀ ဦး ဝန်းကျင်ပါ စစ်တပ်ပိုင် 4 wheel ကားအဖြူရောင် တစ်စီးကို နွားထိုးကြီးမြို့နယ်၊ မင်းရွာနဲ့ ကူကုန်းရွာကြားမှာ ၆ လုံးတွဲ ပဒေသာမိုင်းနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“တစ်ယောက်က ကားပေါ်မှာပဲ ပွဲချင်းပြီး သေသွားတာ၊ နောက်တစ်ယောက်က မြင်းခြံ ပြည်သူ့ဆေးရုံကြီးမှာ သေသွားတာ။ နောက်တစ်ယောက်ကတော့ မသေသေးပါဘူး။ ၃ ယောက် ထိတာပေါ့။ နောက်တစ်ယောက်က မသေဘူး၊ မြင်းခြံ ပြည်သူ့ဆေးရုံမှာပဲ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်။ ကုနေတုန်းပဲ ရှိပါသေးတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကားပေါ်ကနေ လမ်းတလျှောက် တရစပ် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့က မနက် ၆ နာရီဝန်းကျင်မှာ ပျားကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးကာ အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

MBT တာဝန်ခံ ဗိုလ်မိုက်ခဲက ပျားကျေးရွာထဲမှာ အရပ်သား ၆ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ကြားရပေမယ့် အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲတွေကြောင့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မနေ့က မနက်က ပျားကျေးရွာထဲ ဝင်ရောက်ခဲ့တဲ့ စစ်တပ်ဟာ ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းတွေကို နွားချေးပုံအောက်မှာ မြှုပ်နှံခဲ့တာလို့ နွားထိုးကြီး သတင်းစုံ လူမှုကွန်ရက် စာမျက်နှာက ဖော်ပြပါတယ်။

မနက်ပိုင်းမှာ ရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့ လက်နက် ထိမှန်မှုကြောင့် အသက် ၃ နှစ်အရွယ် မရွှန်းလဲ့ချို သေဆုံးခဲ့ရပြီး ရွာထဲမှာ ကျန်နေခဲ့တဲ့ ကိုဂျစ်တူး၊ ကိုရဲဝင်း၊ ကိုကျော်မင်းသန့်၊ မောင်ပြည့်ဖြိုးနဲ့ မောင်ထက်မြက်အောင် တို့ကိုတော့ စစ်တပ်က ဖမ်းဆီး စစ်မေး ရိုက်နှက် သတ်ဖြတ်ကာ အလောင်းတွေကို နွားချေးပုံအောက်မှာ မြှုပ်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာတယ်။ ရွာသူရွာသားတွေလည်း ရှောင်တဲ့သူက ရှောင်ပေါ့။ စစ်ရှောင်တဲ့ထဲမှာမှ သားအမိ ၂ ယောက်ပြေးရင်းနဲ့ ကလေးကတော့ လက်နက်မှန်ပြီး သေသွားတယ်။ မအေ ကတော့ လက်မောင်း ကျည်ထိသလောက်ပဲရှိတယ်။ ဟို ၅ ယောက်ကျတော့ သူတို့က မရှောင်ဘူး၊ ကလေးတွေက ငယ်တော့ သူတို့ဒီလိုလုပ်မယ်မှန်း မထင်ဘူးပေါ့။ အဲ့မှာ ဖမ်းဆီးမေးမြန်းပြီး သူတို့လိုချင်တဲ့တိုင်း မဖြစ်တော့ အိမ်တွေ မီးရှို့ပြီး သတ်သွားတာပေါ့” လို့ အဆိုပါ ဒေသခံက ရှင်းပြပါတယ်။

အသတ်ခံရတဲ့ လူငယ်တွေဟာ အသက် ၃၀ အောက် အရွယ်တွေဖြစ်ပြီး မောင်ထက်မြက်အောင် ကတော့ အသက် ၁၃ နှစ် ဝန်းကျင်သာ ရှိသေးကာ အလောင်းတွေကို ဒေသခံ ကျေးရွာသားတွေ ပြန်လည် တူးဖော်ပြီး နေရာ တစ်ခုမှာ ကျေးရွာဓလေ့ အတိုင်း ပြန်လည် သင်္ဂြိုဟ် ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ပျားကျေးရွာထဲမှာ စစ်ကောင်စီတပ်သား တချို့ ကျန်ရှိနေသေးပြီး ဒေသခံ ပြည်သူအများစု နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အသက်အရွယ်ကြီးသူ တချို့သာ ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျားကျေးရွာ အပါအဝင် နီးစပ်ရာ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေပြီး အခုရက်ပိုင်း ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK – 009

#MeKongNews

#ပျားကျေးရွာ

#မိုင်းဆွဲ

#ဗိုလ်မိုက်ခဲ

#ဓာတ်ပုံ – နွားထိုးကြီးသတင်းစုံ၊ Myingyan Black Tiger

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now