ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ကုမ္ပဏီတစ်ခုမှာ ဒီဇင်ဘာလ ၁ရက်က သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိရတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
လောက်ကိုင်မြို့၊ ရွှေတြိဂံအနီးရှိ ကုမ္ပဏီတစ်ခုမှာ ဒီဇင်ဘာလ ၁ရက်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ရက်စက်စွာအသတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ “ ဝ” သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့်ဖြစ်တဲ့ လူသတ်မှုလို့ ဒေသအာဏာပိုင်တွေက ကနဦးယူဆထားပြီး ကျူးလွန်သူအမျိုးသားနှစ်ဦးက ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်လို့ သိရပါတယ်။
“ Computerနဲ့ တရုတ်စကားတတ်တဲ့ သူတွေကို Online Marketingဆိုပြီး ခေါ်နေတာတွေက လိမ်စားတဲ့ အလုပ်တွေပါ။ ရောင်းစားခံရတဲ့ သူတွေလည်း အများကြီးပါ။ ကိုယ့်ကို ရောင်းစားခံလို့ ခံရမှန်း မသိတဲ့သူတွေလည်း အများကြီးပါ။ မယုံကြပါနဲ့။ ဂရုစိုက်ကြပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီအမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကနဦးသိရပြီး အသေးစိတ်အခြေအနေကိုတော့ ဒေသအာဏာပိုင်တွေက တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။