ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်း မှာ မိုးများရွာသွန်းနေတဲ့ အတွက်လမ်းချော်ပြီး တိမ်းမှောက်မှု ဖြစ်နိုင်တယ်လို့ မျက်မြင်တွေ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲ့နားမှာ ဂက်စ်ဖြည့်ရတာတွေ ရှိတယ်။ ထောက်ကြံ့ဘက် အသွားမှာ မှောက်နေတာ။ ဆင်းကြည့်တော့ကားပေါ်မှာဘယ်သူမှတော့မရှိဘူး။ ဂက်စ်ဖြည့်ဖို့လာရင်းမှောက်တာထင်တယ်။ ခရီးသည်တွေပါရင် ဆေးရုံကားတွေလည်းတွေ့ရမှာလေ။ ခုတော့ ကားကြီးပဲ မှောက်တာ မြင်ခဲ့ရတယ်
လို့ သူကပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်စဥ် နဲ့ ပတ်သက်လို့တော့ မဲခေါင် သတင်းဌာနက ဆက်လက် စုံစမ်း မေးမြန်းနေပြီး လူထိခိုက်သေဆုံးမှုရှိမရှိကိုတော့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။