ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်-ဒလ ချယ်ရီ ၁ ကူးတို့သဘော်ပေါ်မှာ ဒီနေ့ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က အချိန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်ဘက်ကနေ ဒလဘက်ကို ကူးခါနီး ကမ်းကနေမခွာခင် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူအချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ ဝန်းကျင်ခန့် ရှိတယ်လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။
“ လူနာတင်ယာဥ်တွေ မြို့နယ်အစုံက သတင်းကြားတော့လာသယ်နေတာ။ ကြားရသလောက်တော့ စာရင်းကောက်နေတာ သေတာ၃ဦး ထိခိုက်ဒဏ်ရာရတာ ၁၉ ဦးရှိတယ်။ စာရင်းကတော့ကောက်နေတုန်းဆိုတော့ အတည်ပြုလို့မရသေးဘူး” လို့ သူကပြောပါတယ်။
ရန်ကုန်မြို့အတွင်း လသာ၊ ကျောက်တံတား၊ ပန်ဘဲတန်း၊ ဗိုလ်တထောင်၊ အလုံမြို့နယ်တွေကနေလည်း ညနေ ၆ နာရီ ၄၅ မိနစ်က ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။