မဲခေါင်၊ မတ် ၄
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၆၇ မိုင် အကျော်မှာ ဒို့ညီနောင် ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်၊ မနက် ၅ နာရီခွဲဝန်းကျင်က တောင်ကြီးမှ မြ၀တီသို့ ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသား ၃ ဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူကပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့် အမျိုးသား ၂၀ နဲ့ အမျိုးသမီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနဲ့ သေဆုံးသူများကို ဆွာဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
MK-005