ရန်ကုန်တိုင်း၊ တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်လမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
“ ဝါယာရှော့ ဖြစ်တာ နေလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ မီးပြန်လာပြီး သိပ်မကြာဘူး မီးလောင်တာပဲ။ သူ့ဘေးမှာတော့ ကမ္ဘောဇဘဏ်ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ကြားတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
အခု မီးလောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာကို တာမွေ မီးသတ်စခန်းမှ ကား ၄ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့ပြီး အခြား မြို့နယ်တွေက ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း လာရောက် ကူညီခဲ့တယ်လို့ သိရပါတယ်။