မှုခင်းသတင်း

ချိန်းတွေ့စဉ် လိင်ကိစ္စခွင့်မပြုလို့ အမျိုးသမီးငယ်ကို အုတ်ခဲနဲ့ထု ဓာတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွား

မဲခေါင် 6 Dec - 2022
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ဝန်းအတွင်း အမျိုးသမီးငယ်တစ်ဦး အုတ်ခဲနဲ့ထုကာ အရှင်လတ်လတ် မီးရှို့ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီဝန်းကျင်က သမီးရည်းစား ၂ ဦး ချိန်းတွေ့စဉ် ရည်းစားဖြစ်သူ အမျိုးသားက လိင်ကိစ္စတောင်းဆိုရာ အမျိုးသမီးဖြစ်သူက မလိုက်လျောတဲ့အတွက် အုတ်ခဲနဲ့ခေါင်းကိုထုကာ အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့တာဖြစ်တယ်လို့ သွားရောက် ကူညီကယ်ဆယ်ရာတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။ “ ကောင်မလေးက မီးလောင်တော့ အော်ပြီး အကူအညီ တောင်းတယ်။ ပတ်ဝန်းကျင်က လူတွေရာက်လာပြီး မီးဝိုင်းငြိမ်းကြတာ။ အဝတ်တွေက စုတ်ပြဲထားတာ တွေရှိတယ်။ မီးလောင်တော့ အဝတ်တွေပါ လောင်တယ်။ ခန္ဓာကိုယ်မှာ အဝတ်တောင် သိပ်မကျန်ဘူး။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ဝန်းအတွင်း အမျိုးသမီးငယ်တစ်ဦး အုတ်ခဲနဲ့ထုကာ အရှင်လတ်လတ် မီးရှို့ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၅ ရက် ည ၈ နာရီဝန်းကျင်က သမီးရည်းစား ၂ ဦး ချိန်းတွေ့စဉ် ရည်းစားဖြစ်သူ အမျိုးသားက လိင်ကိစ္စတောင်းဆိုရာ အမျိုးသမီးဖြစ်သူက မလိုက်လျောတဲ့အတွက် အုတ်ခဲနဲ့ခေါင်းကိုထုကာ အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့တာဖြစ်တယ်လို့ သွားရောက် ကူညီကယ်ဆယ်ရာတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ ကောင်မလေးက မီးလောင်တော့ အော်ပြီး အကူအညီ တောင်းတယ်။ ပတ်ဝန်းကျင်က လူတွေရာက်လာပြီး မီးဝိုင်းငြိမ်းကြတာ။ အဝတ်တွေက စုတ်ပြဲထားတာ တွေရှိတယ်။ မီးလောင်တော့ အဝတ်တွေပါ လောင်တယ်။ ခန္ဓာကိုယ်မှာ အဝတ်တောင် သိပ်မကျန်ဘူး။ စကားတော့ ပြောနိုင်တယ်။ ခုတော့ ဆေးရုံကြီးမှာ ကုသနေတယ်” လို့ သူကပြောပါတယ်။

မီးရှို့ခံရသူ အမျိုးသမီးမှာ စစ်ကိုင်းတိုင်း ပညာရေးတက္ကသိုလ်မှ ဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ရည်စားဖြစ်သူ အမျိုးသားနဲ့ချိန်းတွေ့စဉ် လိင်ကိစ္စ မလိုက်လျောလို့ အခုလို အုတ်ခဲနဲ့ထု မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ အမျိုးသမီးငယ်က ပြောဆိုကြောင်း သူကဆိုပါတယ်။

မီးလောင်မှုကြောင့် အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ် အရေပြား ၇၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျူးလွန်သူ အမျိုးသားမှာ စစ်ကိုင်းမြို့နယ် နားတော်ကျေးရွာမှာနေတဲ့ အသက် ၂၄ နှစ်အရွယ် ဇာနည်ထွန်း (ခ) ရဲရင့် ဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး မှုခင်းသတင်း

တာချီလိတ်မှာ နေအိမ်မီးလောင်လို့ လေဖြတ်လူနာသေဆုံး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်မှာ မတ် ၂၂ ရက် ညနေပိုင်းက နေအိမ်တစ်လုံးမီးလောင်လို့ လေဖြတ်လူနာ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
မှုခင်းသတင်း

ညောင်ရွှေမှာ လူတစ်ဦး ဆိုင်ကယ်မှောက်ပြီး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေဦးကျေးရွာမှာ မနေ့ (မတ် ၈) ညက အမျိုးသား တစ်ဦး ဆိုင်ကယ် တိမ်းမှောက်ပြီး ပွဲချင်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

နမ့်ခမ်းမြို့နယ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းကို SSPP စီးနင်း၊ တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးပြီး တရုတ် အစိုးရထံ လွှဲအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုကို နိုဝင်ဘာ ၂၃ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ် အစိုးရထံ ပြန်လွှဲပေးခဲ့တယ်လို့ မနေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

ထိုင်းသံအမတ်ဟောင်းကို သတ်တယ်ဆိုတဲ့ မြန်မာလူငယ် မြန်မာပြည်ဘက်ပြေးသွားတယ်လို့ ထိုင်းရဲထုတ်ပြန်

ဘန်ကောက် ချာတူချက်ခရိုင်က နေအိမ်မှာ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးဟောင်းရဲ့ အလောင်းကို ပုပ်ပွသေဆုံးနေတာတွေ့ရကြောင်းထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ကြေညာခဲ့နောက် လူသတ်မှုကျူးလွန်တဲ့ မြန်မာဆယ်ကျော်သက်လူငယ်ဖြစ်ဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ နေ့ခင်းကြောင်တောင် ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှုဖြစ်ပွား

မဲခေါင်၊ သြဂုတ် ၂ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာ မီးပုံးပျံကွင်းမှာ မနေ့ ဩဂုတ်လ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ရဲအသွင်ယူ လက်ထိပ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ လူ ၈ ဦးက မေလ ၃ ရက်မှာ ဓားပြတိုက်သွားလို့ လမ်းကြေးကောက်ခံရငွေတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now