မြန်မာ့နွေဦး

၃ ရက်အတွင်း ရွှေတကျပ်သား ကျပ် ၅၀,၀၀၀ ခန့် ဈေးမြင့်တက်

မဲခေါင် 5 Jan - 2023
လာလအတန်ကြာ ငြိမ်သက်နေတဲ့ ပြည်တွင်း ရွှေဈေးကွက်ဟာ နှစ်သစ်ကူး ကာလနဲ့ အတူ ၃ ရက်အတွင်း ရွှေတကျပ်သား ကျပ် ၅၀,၀၀၀ နီးပါး ဈေးမြင့်တက်လာတယ်လို့ ရွှေကုန်သည်များထံက သိရပါတယ်။

ပြီးခဲ့တဲ့လက ပြည်တွင်း ရွှေဈေးနှုန်းဟာ ကျပ် ၂၆ သိန်းကျော် ၂၇ သိန်း ဝန်းကျင်မှာ တည်ငြိမ်နေခဲ့ရာမှ ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ကာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနဲ့ အတူ ပြည်တွင်း ရွှေဈေး ကျပ် ၂၇ သိန်းကျော်အထိ မြင့်တက်လာတယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

၃ ရက်အတွင်းကို ၅၀,၀၀၀ လောက်တက်တာ။ ၂၆ သိန်းကျော်နဲ့ ငြိမ်နေတာကြာပြီ။ အခုက ကမာ့္ဘဈေးတက်လို့ တက်တာ။ ဒေါ်လာလည်း အလှုပ်အခတ် ရှိလာတယ်။ ဈေးတက်လာ ပေမယ့် အရောင်းအဝယ် ကြမ်းလာတာမျိုးကို မတွေ့ရဘူး။ ပုံမှန်ပဲ။ စောင့်တော့ကြည့်ရမှာပေါ့။ အရောင်း အဝယ်က ပုံမှန်ရှိတယ် 

လို့ ရန်ကုန်မြို့မှ ရွှေကုန်သည် တဦးက ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းက တစ်အောင်စ ၁,၇၉၉ ဒေါ်လာ ရှိရာမှ လက်ရှိ ၁,၈၅၁ ဒေါ်လာ အထိ ဈေးတက်လာပြီး ရွှေဈေးနဲ့ အတူ ထိုင်းဘတ်ငွေဈေး ပြန်တက်လာရာ အရင် တဘတ်ကို ကျပ် ၈၀ အောက်သာ ရှိရာက လက်ရှိ တဘတ်ကို ၈၂ ကျပ်ကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

နှစ်သစ်ကာလ ကမ္ဘာရွှေဈေးတက်တာနဲ့ တရုတ်နှစ်သစ်ကူး ကာလ ဖြစ်လို့ ရွှေဈေး မြင့်တက်လာတာ ဖြစ်ပြီး အသင်းနဲ့ စစ်ကောင်စီရဲ့ ထိန်းကျောင်းမှုကြောင့် ပြန်လည် ကျဆင်းလာမယ်လို့ ရန်ကုန် ရွှေအသင်း တာဝန်ရှိသူက ပြောဆိုထားပါတယ်။

“ ရွှေအသင်းက ရည်ညွှန်းဈေး ကတော့ သိပ်တက်မလာဘူး။ သူတို့ ရည်ညွှန်းဈေးက ဘာမှ လုပ်လို့မရတော့ ဘယ်သူကမှ စိတ်မဝင်စားဘူး။ အရောင်းအဝယ်သမားတွေက ဈေးတန်း တစ်ခုမှာ ငြိမ်နေတာကိုပဲ ကြိုက်တယ်။ အခုလို ဈေးတက်တာက အန္တာရာယ်ရှိတယ်။ ဈေးတွေ တက်လာတဲ့ အတွက် စသုံးလုံးက စုံးစမ်းတာတွေ၊ စစ်လား ဆေးလား မေးမြန်းမှုတွေ လုပ်အုံးမယ်။ အလုပ်တွေ ရှုပ်တာပေါ့” လို့ ပဲခူးမြို့မှ ရွှေဆိုင်ပိုင်ရှင် တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က ၂၇ သိန်း ဝန်းကျင်ကျော် ပေါက်ဈေးရှိလာတဲ့ ရွှေဈေးဟာ ဒီကနေ့ ညနေပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၂၇ သိန်း ၄ သောင်းကျော်နဲ့ ဈေးပိတ်ခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now