မြန်မာ့နွေဦး

အဝေးပြေးဒရုန်း ထုတ်လုပ်ဖို့ ပြုလုပ်တဲ့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း ဒေါ်လာတစ်သိန်းကျော်ရရှိ

မဲခေါင် 4 Aug - 2023
မဲခေါင်၊ ဩဂုတ် ၄ ကိုယ်ပိုင် အဝေးပြေးဒရုန်း (Fixed-Wing UAV) ထုတ်လုပ်ဖို့ ပြုလုပ်တဲ့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းဟာ သတ်မှတ် ကာလအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရရှိတာကြောင့် အောင်မြင်ခဲ့တယ်လို့ KNDF- UAV ဌာနက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၄

ကိုယ်ပိုင် အဝေးပြေးဒရုန်း (Fixed-Wing UAV) ထုတ်လုပ်ဖို့ ပြုလုပ်တဲ့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းဟာ သတ်မှတ် ကာလအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရရှိတာကြောင့် အောင်မြင်ခဲ့တယ်လို့ KNDF- UAV ဌာနက ထုတ်ပြန်ပါတယ်။

ကမ်ပိန်း နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမေရိန်ကန်ဒေါ်လာ ၁၀၅,၃၁၇ ကျော်နဲ့ ရည်မှန်းထားတဲ့ ပမာဏ ရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တယ်လို့ KNDF- UAV ဌာနက ပြောပါတယ်။

“နောက်ထပ် သတင်းကောင်း အနေနဲ့ ကမ်ပိန်း ကာလ အတွင်း ပြုလုပ်ပေးခဲ့သလို လေယာဉ်နဲ့ အသီးပေါ်မှာ စာရေးတာတွေကို ဆက်လက်ပြီး ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် လာရောက် မေးမြန်းနိုင်ပါတယ်။ ကမ်ပိန်း ပြီးသွားမှ လှူမယ် ကမ်ပိန်း ရာခိုင်နှုန်းထဲပဲ ထည့်ပေါင်းပေးပါဆိုတဲ့ အထူးအလှူရှင်တွေ ရှိတဲ့အတွက် ဩဂုတ် ၁၅ ရက်မှာ ထပ်မံ ကြေညာပေးသွားမှာ ဖြစ်ပါတယ်” လို့ KNDF-UAV ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကမ်ပိန်းကာလ ပြီးသွားပေမယ့် ကိုယ်ပိုင် အဝေးပြေးဒရုန်း ထုတ်လုပ်ဖို့ ကူညီလှူဒါန်းလိုသူတွေ အနေနဲ့ ဆက်လက်ပြီး KNDF – UAV Department လူမှုကွန်ရက် စာမျက်နှာကနေ တိုက်ရိုက်ကူညီ လှူဒါန်းနိုင်ပါတယ်။

“အဲဒိုပေါ်မီ မိစ္ဆာနှင်” ပွဲကမ်ပိန်းဟာ ကိုယ်ပိုင်ဒရုန်း အစင်း ၂၀ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ တစ်သိန်း ၅ သောင်း၊ မြန်မာငွေ သိန်းပေါင်း ၄,၅၀၀ ရရှိဖို့ ပြုလုပ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။

ဒရုန်း တစ်စင်းကို သိန်း ၁၅၀ သတ်မှတ်ထားပြီး တစ်ယောက် တစ်စုတည်း အနေနဲ့ ဒရုန်းတစ်စင်း၊ ၂ စင်း စသဖြင့် လှူဒါန်းတဲ့သူတွေ အတွက် ဒရုန်းပေါ်မှာ နာမည် ရေးထိုးထားပေးတယ်လို့ KNDF က ပြောဆိုထားပါတယ်။
လက်ရှိ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနဲ့ ပူးပေါင်းပြီး ဒရုန်း တစ်ချို့ ထုတ်လုပ်နေပြီလို့ KNDF က ထုတ်ပြန်ထားပါတယ်။

“အဲဒိုပေါ်မှီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းမှာ ပါဝင်လှူဒါန်းခဲ့တဲ့ တစ်ဦးချင်းစီတိုင်းနဲ့ ကမ်ပိန်း ကာလမှာ အားဖြည့်ပေးကြတဲ့ Fundraisers များ၊ အနုပညာရှင်၊ influencer များ အားလုံးကို ကျေးဇူးတင်တယ်လို့ KNDF- UAV ဌာနက ပြောပါတယ်။

CJ-002
#Mekongnews
#“အဲဒိုပေါ်မီ_မိစ္ဆာနှင်ပွဲ”
#Fixed_Wing_UAV
#KNDF_UAV

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now