မြန်မာ့နွေဦး

အရေးပေါ် လူနာကယ်ဆယ်ရေးကား ၀ယ်ယူနိုင်ရေး ကူညီလှူဒါန်းပေးဖို့ JPDF တပ်ဖွဲ့ မေတ္တာရပ်ခံ

မဲခေါင် 9 Oct - 2023
ကရင်နီပြည်နယ် အခြေစိုက်၊ Fight for Justice-JPDF တပ်ဖွဲ့ အတွက် လိုက်အပ်နေတဲ့ အရေးပေါ်လူနာ ကယ်ဆယ်ရေးကား ဝယ်ယူနိုင်ရေး အလှူခံရရှိငွေ ၁၀ ရာခိုင်နှုန်းသာ ရှိသေးတာကြောင့် ပါဝင်ကူညီပေးကြဖို့ တပ်ဖွဲ့ တာဝန်ခံက မေတ္တာရပ်ခံ ထားပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

ကရင်နီပြည်နယ် အခြေစိုက်၊ Fight for Justice-JPDF တပ်ဖွဲ့ အတွက် လိုအပ်နေတဲ့ အရေးပေါ်လူနာ ကယ်ဆယ်ရေးကား ဝယ်ယူနိုင်ရေး အလှူခံရရှိငွေ ၁၀ ရာခိုင်နှုန်းသာ ရှိသေးတာကြောင့် ပါဝင်ကူညီပေးကြဖို့ တပ်ဖွဲ့ တာဝန်ခံက မေတ္တာရပ်ခံ ထားပါတယ်။

ကား၀ယ်ယူနိုင်ဖို့ ပြုလုပ်တဲ့ “ ရုန်းအား ၄ ဆ ဖေးကူမ” ကမ်ပိန်းကို စက်တင်ဘာလ ၁၅ ရက်ကနေ စပြီး အောက်တိုဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပေမယ့် အလှူခံငွေဟာ ကားတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။

“ ဒီမိုးတွင်းဆိုရင် ကုန်းသာလမ်းက ပျက်သွားပြီ။ ကားက ရှေ့မှာ ready ထားမှာ။ ရဲဘော် ဒဏ်ရာ ကြီးတယ်ဆိုရင် နောက်ကို ရွှေ့ပြီး ကုမှရတာ။ ဆေးအဖွဲ့အတွက် ကားက အဆင်မပြေဘူး ဖြစ်နေတာ။ ဒီကားက တကယ်ကို လိုအပ်နေတာဗျာ။ ရဲဘော်တွေ ထိပြီဆိုရင် ချက်ချင်း နောက်ကို ပြန်မပို့နိုင်လို့ အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေလည်း အများကြီးရှိခဲ့တယ်” လို့ JPDF တပ်ဖွဲ့ တာ၀န်ခံက ပြောပါတယ်။

ရှေ့တန်း ရဲဘော်တွေ ဒဏ်ရာကြီးကြီးမားမားရပါက အရေးပေါ် ကုသနိုင်ရေး နောက်တန်း ပြန်ပို့ဖို့ အတွက် လူနာတင်ကား လိုအပ်နေတာဖြစ်လို့ ကူညီပေးကြဖို့ သူကတောင်းဆိုပါတယ်။

JPDF တပ်ဖွဲ့ဟာ လတ်တလော ကုန်းသာ၊ မိုးဗြဲနဲ့ မယ်စဲ့တို့မှာ ဖြန့်ကျက်ကာ ရှေ့တန်းတွေမှာ နေရာယူထားပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

CJ-004

#MekongNews

#ကရင်နီပြည်နယ်

#JPDF_တပ်ဖွဲ့

#အရေးပေါ်_ကယ်ဆယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now