မြန်မာ့နွေဦး

ဟိုပုံးတွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နဲ့ PNLA တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီလက်နက်ကြီးကြောင့် တိုင်တရာဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမီးလောင်ပျက်စီး

မဲခေါင် 21 Jan - 2024
ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲက စံဖူး(လုံးဟီး)ကျေးရွာမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် - PNO ပူးပေါင်းတပ်နဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -PNLA တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁
 
ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲက စံဖူး(လုံးဟီး)ကျေးရွာမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် – PNO ပူးပေါင်းတပ်နဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -PNLA တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
 
မနေ့  ဇန်နဝါရီ ၂၀ရက် ညနေပိုင်းကတည်း တိုက်ပွဲ စတင်နေတာ ဖြစ်ပြီး ဒီနေ့  ဇန်နာဝါရီ ၂၁ မှာတော့ ပိုပြင်းထန်လာတာကြောင့် ကျေးရွာနေ ပြည်သူတွေဟာ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“မနေ့ညက လူမှားပစ်တယ်ဆိုပြီး ပြန်ညှိကြတာ၊ ဒီမနက် ပြန်ပစ်နေကြတာ၊ ခု နေ့လည်အထိပဲ တိုင်တစ်ရာဘုန်းကြီးကျောင်းလဲ မီးလောင်ပြီ” လို့ သူက ပြောပါတယ်။
 
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်မှာရှိတဲ့ စံဖူးရွာမှာ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဘိန်းစားသူ၊ ဘိန်းရောင်းသူတွေကို ဖမ်းဆီးပေးဖို့ ဒေသခံတွေက အကူအညီတောင်းတာကြောင့် PNLA က ဝင်ရောက်ဖမ်းဆီးရင်း တိုက်ပွဲဖြစ်တာ ဖြစ်တယ်လို့ PNLA နဲ့ နီးစပ်သူတစ်ဦးကပြောဆိုပြီး PNO နဲ့ နီးစပ်သူတွေကတော့ PNLO က လက်နက်သယ်လာတာကို တားဆီးစစ်ဆေးရင်း တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲကြောင့် လတ်တလောမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၃ ဦးသေဆုံးပြီး ကျေးရွာသားတစ်ဦးလည်း မီးလောင်သေဆုံးတယ်လို့ ဒေသခံတွေထံကနေ ကနဦး သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် စံဖူးကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂၀ ထက်မနည်း မီးလောင်ပြာကျကာ စံဖူးကျေးရွာအနီးမှာရှိတဲ့ တိုင်တရာဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးနေတယ်လို့ သိရပါတယ်။
 
တိုက်ပွဲဖြစ်တဲ့ စံဖူးကျေးရွာနဲ့ အနီးတစ်ဝိုက်ကို ဖုန်းလိုင်းတွေဖြတ်ထားတာကြောင့် အဆက်အသွယ်ပြတ်နေပြီး ရွာသားတွေက ပြေးချင်ပေမယ့် လမ်းတွေပိတ်ထားတာကြောင့် ပြေးမရဖြစ်နေတယ်လို့ စံဖူးရွာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
တောင်ကြီး – ဟိုပုံး လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ပြည်သူ အယောက် ၅၀ ကျော်ကိုလည်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ နီးစပ်သူတွေက သတင်းပေးပို့ ထားပါတယ်။
 
တိုက်ပွဲဖြစ်ပွားရာ စံဖူးကျေးရွာဟာ တောင်ကြီး – လွယ်လင်သွားလမ်း ထမ်စမ့်ကျောက်ဂူသွားလမ်းအနီးမှာ တည်ရှိပြီး ဟိုပုံးကနေ ၅ မိုင်ခန့်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာမှာ PNLA တပ်သား ၅ ဦးကို PNO က ဖမ်းဆီး သတ်ဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဖွဲ့ အရာရှိပိုင်းတွေ ညှိနှိုင်းဆွေးနွေးမှုကြောင့် ပြေလည်မှု ရခဲ့ပါတယ်။
 
CJ – 007

#MeKongNews

#PNLA

#PNO

#ဟိုပုံး

#စံဖူးကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now