မြန်မာ့နွေဦး

လွတ်ငြိမ်း ထုတ်ပြန်ပြီးနောက်ပိုင်း အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ

မဲခေါင် 10 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၀ စစ်ကောင်စီရဲ့ ဆင်ဖြူတော် အထိန်းအမှတ် မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ အကျဉ်းသား‌တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက် အင်းစိန်ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အခွင့်ရေးပိုပြီး ချိုးဖောက် နှိပ်စက်ခံနေရတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၁၀

စစ်ကောင်စီရဲ့ ဆင်ဖြူတော် အထိန်းအမှတ် မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ အကျဉ်းသား‌တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက် အင်းစိန်ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အခွင့်ရေးပိုပြီး ချိုးဖောက် နှိပ်စက်ခံနေရတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ဩဂုတ်လ အစပိုင်း ကတည်းက နိုင်ကျဉ်း တချို့ကို ရဲဘက်ပို့တာ၊ တိုက်ပိတ် ရိုက်နှက်တာ၊ ဒေါက်ခတ်တာတွေ ပြုလုပ်နေတယ်လို့ အကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“ရဲဘက် ပို့ရင်တော့ အသက်ရှင်ပြီး ပြန်လာနိုင်တာ နည်းတယ်။ တော်တော်များများက အရိုက်ခံရ၊ အလုပ်ကြမ်း ခိုင်းခံရတာနဲ့ သေတာ။ ဒေါက်ခတ်တာတော့ အမျိုးမျိုးရှိတယ်။ ၆ လက်မကနေ တစ်ပေခွဲအထိ ခတ်တယ်။ ၆ လက်မခတ်ရင် လမ်းလျှောက်ဖို့တောင် မလွယ်တော့ဘူး” သူကပြောပါတယ်။

တိုက်ပိတ်ထားတဲ့ နိုင်ကျဉ်းတွေကို ထောင်ဝန်ထမ်းတွေက အပျင်းပြေ ရိုက်နှက်နေကြပြီး ပြင်းထန်ဒဏ်ရာရတဲ့ အကျဉ်းသားတွေကိုလည်း အောက်အဆောင် ပြန်ပြောင်းရွှေ့ထားတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ဖိနှိပ်ခံရသူတွေဟာ နိုင်ကျဉ်းတွေသာမက တခြား အကျဉ်းသားတွေလည်း ပါဝင်ပြီး မိသားစုဝင်တွေနဲ့ လူချင်းတွေ့ခွင့် မပေးဘူးလို့ သိရပါတယ်။

ဒီလထဲမှာ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “ပြစ်ဒဏ်ကျ အကျဉ်းသား တော်တော်များများကိုတော့ အလုပ်ကြမ်း ခိုင်းတာထက် တိုက်ပိတ်ပြီး ရိုက်တာ။ တချို့ကို ရဲဘက်ပို့တယ်။ ရဲဘက် ရောက်ရင်တော့ တစ်လလောက် ဒေါက်ခတ်ပြီး လယ်စိုက်ခိုင်းတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ ထောင်ဝင်စာကို သန်းခေါင်စာရင်း မိသားစုဝင်တွေကသာ ပို့လို့ရပြီး သန်းခေါင်စာရင်း မဝင် ဆွေမျိုးတော်စပ်သူတွေက ထောက်ခံစာ ပြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဩဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းထဲမှာ နိုင်ကျဉ်း လေးပုံတစ်ပုံခန့်ပဲ ပါဝင်ပြီး ထောင်တွင်း ကျန်ရှိနေတဲ့ နိုင်ကျဉ်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့တိုင်းခံနေရတယ်လို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

CJ-007

#Mekongnews

#ဆင်ဖြူတော်

#နိုင်ငံရေး_အကျဉ်းသား

#တိုက်ပိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now