မြန်မာ့နွေဦး

လိုအပ်လျင် အရေးကြီးစာရွက်စာတမ်းတွေဖျက်ဆီးနိုင်ရေး အသင့်ထားရှိရန် ရှမ်းအရှေ့ထွေအုပ်ဝန်ထမ်းတွေကို ညွှန်ကြားထား

မဲခေါင် 4 Feb - 2024
မိုင်းဖြတ်မြို့နယ်နဲ့ မိုင်းယန်းမြို့နယ်အပါအဝင် ရှမ်းပြည်အရှေ့ပိုင်းမြို့အချို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဝန်ထမ်းတွေကို ခေါ်ယူပြီး လိုအပ်ပါက အရေးကြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးပြစ်ဖို့ အသင့်လုပ်ထားဖို့ ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၄

မိုင်းဖြတ်မြို့နယ်နဲ့ မိုင်းယန်းမြို့နယ်အပါအဝင် ရှမ်းပြည်အရှေ့ပိုင်းမြို့အချို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဝန်ထမ်းတွေကို ခေါ်ယူပြီး လိုအပ်ပါက အရေးကြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးပြစ်ဖို့ အသင့်လုပ်ထားဖို့ ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်သတင်းဌာနက စုံစမ်းသိရတဲ့ အချက်အလက်တွေအရ ရှမ်းအရှေ့က အနည်းဆုံး မြို့နယ် ၅မြို့မှာ ဒီလိုညွှန်ကြားထားတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်၊ ၂ရက်တွေမှာ အဲဒီလို ညွှန်ကြားတာဖြစ်ပါတယ်။

“လူကြီးတွေကတော့ အားလုံးရွှေ့နေပြီ။ ရှိတဲ့ ငွေတွေလည်း သေချာသိမ်းပြီး လိုအပ်တာပဲသုံးဖို့ပြောတယ်။ ကြိုတင်လစာကိစ္စတော့မပြောဘူး”လို့ NonCDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဘာကြောင့် ဒီလိုညွှန်ကြားတယ်ဆိုတာကို မသိရဘဲ စစ်ရေးနဲ့ ပတ်သက်လို့ ထူးခြားတာမျိုးလည်း မရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ရှမ်းမြောက်နဲ့ရှမ်းတောင်က နေရာတချို့မှာ တိုက်ပွဲတွေပြင်းထန် နေပေမယ့် ရှမ်းအရှေ့မှာ UWSA က ကျိုင်းတုံ ကိုဝင်တိုက်မယ် ဆိုတဲ့သတင်းကလွဲပြီး လှုပ်ရှားမှုမရှိပါဘူး။ ဒီသတင်းကိုလည်း UWSAကတရားဝင်ငြင်းဆိုထားပါတယ်။

ရှမ်းအရှေ့ဟာ ကျိုင်းတုံမြို့မှာ စစ်ကောင်စီရဲ့တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဖြတ်နဲ့မိုင်းဆတ်မှာ စကခ ၁၄နဲ့ ၁၈ ရှိတဲ့ ဒေသဖြစ်ပြီး တာချီလိတ်၊ မိုင်းတုံ၊ မိုင်းယန်းမှာ အခြေချစစ်ဗျူဟာတွေရှိသလို ကျန်မြို့တွေမှာလည်း နည်းဗျူဟာတွေလှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက်ခံ လားဟူပြည်သူ့စစ်အဖွဲ့တွေ ရာချီရှိနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ UWSA ရဲ့ စစ်ဒေသ ၁၇၁က ဟွေအောနဲ့ဝမ်ဟုန်၊ ဟိုပန်၊ ဟိုရွက်တွေမှာအခြေချထားပြီး RCSS ကလည်း စခန်းခွဲတွေနဲ့ နေရာယူထားပါတယ်။ ဒါ့အပြင် RCSS/SSA ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းနဲ့လဲ မြေပြင် ဆက်စပ်နေတဲ့ဒေသဖြစ်ပါတယ်။

လက်ရှိမှာ ဒေသခံအများပြည်သူကတော့ ရှမ်းအရှေ့ကို စစ်မီး တွေကူးစက်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမှာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တွေမပါ ၉ မြို့နယ်ရှိပြီး ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဥ်း၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်တို့ ဖြစ်ပါတယ်။

MK – 012

#ရှမ်းအရှေ့

#UWSA

#RCSS

#ထွေအုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now