မြန်မာ့နွေဦး

ရန်ကုန်မှာ လူငယ်တွေထဲကနေ စစ်ကောင်စီဖုန်းတွေလိုက်စစ်

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ၂ ရှေ့မှာ ဒီနေ့ မတ်လ ၅ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာလူအချို့ထံကနေ ဖုန်းစစ်ဆေးကာ လူငယ် ၃ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ မတ် ၅

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ၂ ရှေ့မှာ ဒီနေ့ မတ်လ ၅ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာလူအချို့ထံကနေ ဖုန်းစစ်ဆေးကာ လူငယ် ၃ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

“ မနက်၁၀ နာရီလောက်မှာ ဒဂုံစင်တာရှေ့က လူနားတဲ့နေရာကို စစ်သားတွေရောက်လာတယ်။ ပြီးတော့သူတို့တွေ ဖုန်းတောင်းပြီး လိုက်စစ်နေတာ။ ပြည်သူ ၃ယောက်ကိုတော့ ဖုန်းစစ်ပြီး သူတို့ကားပေါ်တင်ပြီးဖမ်းသွားတယ်။ အချိန်၁၀မိနစ်ကျော်လောက် စစ်ဆေးပြီးတော့သူတို့တွေလဲ ပြန်ထွက်သွားတာတွေ့တယ်။ ဘာလို့ဖမ်းတာလဲတော့မသိဘူး။ အနားလည်းသွားပြီးမကြည့်ရဲလို့ပါ” လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းမပေါ်ရှိ ဝင်းစတားစားသောက်ဆိုက်ရှေ့မှာလည်း စစ်ကားတစ်စီးအင်အားအပြည့်နဲ့ လက်နက်တွေကိုင်ဆောင်ပြီး စောင့်ကြည့်မှုတွေရှိနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အလားတူ လှိုင်မြို့နယ် အင်းစိန်လမ်းမ သံလမ်းမှတ်တိုင်အနီးမှာလည်း ဒီနေ့ညနေ၄ နာရီကျော်က လူငယ်တစ်ဦးမောင်းနှင်လာတဲ့ကားကို စစ်ကောင်စီတပ်တွေ ၁၅ ယောက်လောက်က ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကမာရွတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေ ဒီနေ့ညနေ၄နာရီကျော်က ဦးထွန်းလင်းခြံလမ်အတွင်း အနက်ရောင်ဝတ်ထားတဲ့ လူငယ်များတွေထံကနေ ဖုန်းနဲ့အိတ်တွေက စစ်သား၅ယောက်က လိုက်လံတောင်းယူစစ်ဆေးနေတယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now