မြန်မာ့နွေဦး

မိုးဗြဲ PDF ကယ်ဆယ်ရေးအဖွဲ့ရဲ့ လူနာတင်ကား ကမ်ပိန်း ၂ ပတ်ကျော်ကြာတဲ့အထိ ၁၀ ရာခိုင်နှုန်းသာရရှိ

မဲခေါင် 5 May - 2023
မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ် စစ်မြေပြင် အရေးပေါ် ကယ်ဆယ်ရေးမှာ အသုံးပြုဖို့ အတွက် လူနာတင်ကားတွေ ပြန်လည် ဖြည့်တင်းဖို့ MOBYE PDF RESCUE TEAM -MPRT က ပြုလုပ်တဲ့ “ရှေ့ပြေး “ကား” ကူ သိန်း ၅၀၀ လှူ” ကမ်ပိန်း ၂ ပတ်ကျော် ကြာတဲ့အထိ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၅

ရှမ်း-ကရင်နီ နယ်စပ် စစ်မြေပြင် အရေးပေါ် ကယ်ဆယ်ရေးမှာ အသုံးပြုဖို့ အတွက် လူနာတင်ကားတွေ ပြန်လည် ဖြည့်တင်းဖို့ MOBYE PDF RESCUE TEAM -MPRT က ပြုလုပ်တဲ့ “ရှေ့ပြေး “ကား” ကူ သိန်း ၅၀၀ လှူ” ကမ်ပိန်း ၂ ပတ်ကျော် ကြာတဲ့အထိ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ သိရပါတယ်။

MPRT အဖွဲ့ဟာ တိုက်ပွဲတွင်း ဒဏ်ရာရ ရဲဘော်တွေကို သယ်ယူ ကယ်ဆယ်ရေး အဓိက လုပ်နေတဲ့ အဖွဲ့ ဖြစ်ပြီး ကမ်ပိန်းကို ဧပြီ ၂၀ ရက်နေ့မှာ စတင်ခဲ့ရာ အချိန်ကာလ တစ်လ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“အခုရလဒ်ကို အားမရပါဘူး။ ကျွန်တော်တို့ အဖွဲ့က ကမ်ပိန်းကို အခုမှ စလုပ်တာလည်း ဖြစ်လို့ပါ။ လက်ရှိမှာတော့ ကားငှားသုံး နေရပါတယ်။ ဆေးဝါးကတော့ ရှိနေသေးပါတယ်ဗျ။ အရင်ကလည်း တော်တော်များများကို ဝယ်စုထားပါတယ်ဗျ” လို့ MPRT အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် MPRT အဖွဲ့ရဲ့ ကား ၂ စီး ပျက်စီးဆုံးရှုံး ခဲ့ရတဲ့အပြင် ကယ်ဆယ်ရေး ရဲဘော် ၃ ဦး ဒဏ်ရာရထားတာကြောင့် အချိန်ယူကာ ကမ်ပိန်း ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။

“ကမ်ပိန်း အမြန်ပြည့်မီမှသာ တိုက်ပွဲဆင်နေတဲ့ ထိခိုက်ရဲဘော်တွေကို ကယ်ထုတ်နိုင်မှာဖြစ်လို့ သွေးသံတရဲရဲ ငြီးငြူနေရတဲ့ ရဲဘော်တွေ အတွက် ရှေ့ပြေး ကယ်ဆယ်ရေးကားက ဖြေသာစရာ တစ်ခုပါ။ ရဲဘော်တွေကို သနားပါ” လို့ MPRT ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုးဗြဲ PDF ကယ်ဆယ်ရေးအဖွဲ့ရဲ့ “ရှေ့ပြေး “ကား” ကူ သိန်း (၅၀၀) လှူ” ကမ်ပိန်းကို MOBYE PDF RESCUE TEAM-MPRT လူမှုကွန်ရက် စာမျက်နှာက တဆင့် NUG pay၊ KBZ pay၊ Wave pay၊ USD၊ SGD၊ PayPal၊ Zelle၊ Thai bank တို့ကနေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ရှမ်း-ကရင်နီ နယ်စပ် တစ်လျှောက် အပါအဝင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီလ အတွင်း တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-009
#MeKongNews
#မိုးဗြဲ-PDF
#ကယ်ဆယ်ရေး
#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now