မြန်မာ့နွေဦး

မိုင်းရှူးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီက လူဦးရေစာရင်း ကောက်ယူ

မဲခေါင် 13 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် တောင်ပေါ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က အိမ်တိုင်းရာရောက် အိမ်ထောင်စုစာရင်းတွေကို လိုက်လံပြုစုနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃ရက်

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် တောင်ပေါ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က အိမ်တိုင်းရာရောက် အိမ်ထောင်စုစာရင်းတွေကို လိုက်လံပြုစုနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်မှူးတွေကိုခေါ်ပြီး အိမ်ထောင်လူဦးရေစားရင်တွေကို လိုက်လံပြုစု ပူပေါင်းပေးဖို့ မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။

“ စစ်မှုထမ်းဥပဒေ ထုတ်ပြီးနောက်နေ့မှာပဲ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်တယ်။ သူတို့နဲ့ပူပေါင်းပေးဖို့ပေါ့။ အိမ်ထောင်စာရင်းတွေလည်း သူတို့စယူနေပြီး လူထုတွေရဲ့ အခြေအနေတော့ စောင့်ကြည့်ရဦးမယ် ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ထဲကို စစ်မှုထမ်းဖို့ ပညာမတက်တဲ့ ကျေးရွာတွေကို ဦးစားပေးပြီး စာရင်းတွေယူနေတယ်လို့ သူကဆိုပါတယ်။

စစ်မှုထမ်းဖို့ မလိုလားတဲ့အတွက်ကြောင့် ပြည်ပကိုထွက်ခွာလာတဲ့ ဒေသခံတွေပိုများလာတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။

“ စစ်ကောင်စီတွေရဲ့ အကြောင်းသိတဲ့သူတွေကတော့ ဒါကိုလုံးဝလက်မခံနိုင်ဘူး အဲ့တာကြောင့်လဲ မိသားစုလိုက်ပြောင်းလာခဲ့တယ်။ တောင်ပေါ်တွေမှာက ပညာမတတ်တဲ့သူတွေ အသက်မပြည့်တဲ့သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်တဲ့သူတွေပဲ ကျန်တော့တယ်။ သူတို့လဲ သနားတာကလွဲလို့ ကူညီနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အခုလို လူဦးရေစာရင်းလိုက်ကောက်တာဟာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းနဲ့ မဲပေးနိုင်တဲ့သူ စာရင်းတွေလိုက်ကောက်တာဖြစ်ပြီး စစ်မှုထမ်းဥပဒေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“မဲစာရင်း လိုက်ကောက်တာပါ၊ စစ်မှုထမ်းဥပဒေကလည်း ပြဌာန်းလိုက်တော့ အဲ့ဒါပဲ ထင်နေကြပြီး မယုံကြတော့တာ” လို့ သူက ရှင်းပြပါတယ်။
အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ မှာ အသက်သွင်းလိုက်တာကြောင့် စစ်မှုထမ်းရမယ့်အရေး ပြည်သူတွေကြား ဂယက်ရိုက်နေကြပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးအဖွဲ့တွေကလည်း PDF တပ်သားတွေလိုတဲ့အကြောင်း ခေါ်ယူနေကြပါတယ်။

MK-011

#MeKongNews

#မိုင်းရှူး

#စစ်ကောင်စီ

#လူဦးရေစာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now