မြန်မာ့နွေဦး

ဖားဆောင်းမြို့နယ် ကျောက်စုကျေးရွာကို စစ်ကောင်စီ မီးရှို့ ဖျက်ဆီး၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

မဲခေါင် 22 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၂ ကရင်နီပြည်နယ်၊ ဖားဆောင်မြို့နယ်၊ ကျောက်စုကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ NLD လွှတ်တော် အမတ်ဟောင်း ဦးသန်းလင်းလင်း က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၂

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ကျောက်စုကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ NLD လွှတ်တော် အမတ်ဟောင်း ဦးသန်းလင်းလင်း က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်မှာ မယ်စဲ့၊ ဖားဆောင်းနဲ့ သံလွင်မြစ်ကမ်း ကာကွယ်ရေး အတွက် ကရင်နီ တော်လှန်ရေး အင်အားစုတွေ ကာကင်းအဖြစ် ပြုလုပ်ထားတဲ့ ကျောက်ပန်းညိုကျေးရွာနဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာက စခန်း ၃ ခုကို စစ်ကောင်စီက အင်အား ၃၀၀ ခန့်နဲ့ သိမ်းပိုက်ခဲ့ပြီးနောက် ကျောက်စုကျေးရွာကိုပါ ဆက်တိုက် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

“ဩဂုတ် ၁၉ ရက် ညနေပိုင်းလောက် ဖြစ်မယ်။ ဖုန်းလိုင်းတွေက ပြတ်တောက်နေတော့ အသံက သိပ်မကြည်ဘူး။ ၁၉ ရက် ဒါမှမဟုတ် ၂၀ ပဲ။ စစ်ကြောင်း ၅ ကြောင်း အင်အား ၄၀၀ ကျော်‌လောက်တော့ ရှိမယ်။ အတင်း စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့သွားတယ်” လို့ သူကရှင်းပြပါတယ်။

ဇူလိုင်လ တတိယ အပတ်တည်းက စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၃၀၀ ခန့်နဲ့ စစ်ကောင်စီက ကျောက်စုကျေးရွာကို စစ်ကြောင်း ထိုးလာတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောင်း ၂ ကြောင်း ထပ်ဖြည့်ပြီး အင်အား ၄၀၀ ထက်မနည်း အသုံးပြုလာတာဖြစ် တယ်လို့ ဦးသန်းလင်းလင်းက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က အင်အားသုံး စစ်ကြောင်းထိုးနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်လည် ခုခံနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကျောက်စုကျေးရွာ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဖားဆောင်း PDF ပြောရေးဆိုခွင့်ရှိသူကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းပေမဲ့ ဒေသတွင်း ဖုန်းလိုင်းတွေ ဖြတ်တောက်နေတာကြောင့် အခြေအနေ အသေးစိတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ကျောက်စုကျေးရွာနဲ့ ဒေါနိုးကူး ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် ညသန်းခေါင်က စစ်ကောင်စီ လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရသလို ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၆ လုံးပျက်စီးခဲ့ရပါတယ်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီးနောက် ဒေသခံတွေ ကျောက်စုကျေးရွာမှာ အရေး‌ပေါ် နေရာ ပြောင်းရွှေ့ခဲ့တာကြောင့် လက်ရှိ ကျောက်စုကျေးရွာမှာ လူသူကင်းမဲ့နေပြီး တိုက်ပွဲတွေကြား စစ်တလင်း ဖြစ်နေတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

MK-007

#MeKongNews

#ကျောက်စုကျေးရွာ

#PDF

#မီးရှို့ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now