မြန်မာ့နွေဦး

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းရဲ့ အမည် အလွဲသုံးစားလုပ်ပြီး စစ်ကောင်စီက အမုန်းစကားဖြန့်ဝေ

မဲခေါင် 16 Mar - 2024
နွေဦးတော်လှန်ရေး ကာလအတွင်း ပအိုဝ်းလူမျိုးစုရဲ့ နိုင်ငံရေး ဦးဆောင်နေသူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းရဲ့ အမည် အလွဲသုံးစားလုပ်ပြီး စစ်ကောင်စီ ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ အမုန်းစကားတွေ ဖြန့်ဝေနေတယ်လို့ အင်တာနက်သုံးစွဲတဲ့ ပအိုဝ်းလူငယ်တွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၁၆

နွေဦးတော်လှန်ရေး ကာလအတွင်း ပအိုဝ်းလူမျိုးစုရဲ့ နိုင်ငံရေး ဦးဆောင်နေသူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းရဲ့ အမည် အလွဲသုံးစားလုပ်ပြီး စစ်ကောင်စီ ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ အမုန်းစကားတွေ ဖြန့်ဝေနေတယ်လို့ အင်တာနက်သုံးစွဲတဲ့ ပအိုဝ်းလူငယ်တွေက ပြောပါတယ်။

ခွန်မြင့်ထွန်းအမည်နဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကမှ ဖွင့်လှစ်ထားတဲ့ အကောင့်တုဟာ နေ့စဉ်နေတိုင်း သတင်းမှားတွေ တင်ဆက်နေပြီး ပအိုဝ်းလူမျိုးနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာကို လေ့လာတွေ့ရှိရပါတယ်။

ခွန်မြင့်ထွန်းက “အကောင့်တုတွေက ဘာမှားလဲဆိုတော့ ကျနော်က ခွန်ကို ပေါင်းတဲ့အခါမှာ Khun နဲ့ သုံးတယ်၊ ထွန်းကို Tun နဲ့ ပေါင်းတယ်။ အကောင့်တုမှကြတော့ ခွန်ကို Hkun နဲ့ ပေါင်းတယ်။ နောက်ပြီး ထွန်းကို Htun လို့ ရေးထားတယ်။ ဒီလိုမျိုး လုပ်နေတာတွေကတော့ တော်လှန်ရေးကို ပုံဖျက်ဖို့အတွက် နွေဦးတော်လှန်ရေးမှာ ပအိုဝ်းလူမျိုးတွေ ပါဝင်ဆင်နွှဲနေတာကို မကျေနပ်တဲ့ အင်အားစုတွေပေါ့။ အထူးသဖြင့် စစ်ကောင်စီ လက်အောက်ခံ ဌာနခွဲမျိုးတွေပေါ့။ ဒီလိုမျိုး လုပ်ရပ်တွေကို ကျနော်တို့မှ မဟုတ်ပါဘူး။ အခြားသော နေရာတွေမှာလည်း သူတို့ စနစ်တကျ လုပ်နေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ခွန်မြင့်ထွန်းအမည်နဲ့ လက်ရှိ အကောင့်တု ၂ ခု‌ ပေါ်ပေါက်နေတဲ့အထဲမှာ ပထမ တစ်ခုကတော့ သူရဲ့ ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေးမှတ်တမ်းပုံ (Profile) တင်ထားပြီး ဒုတိယ တစ်ခုကတော့ သူရဲ့ မိသားစုံပုံနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ပအိုဝ်းလူမျိုးတွေ အနေနဲ့ စစ်ဏာရှင်နဲ့ သူတို့ လက်ဝေခံ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)ရဲ့ လက်အောက်မှာ နေခဲ့ရတာကြောင့် အသိအမြင် အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ကိုယ်တွေ့ကြုံလာရတာနဲ့အမျှ ပအိုဝ်းပြည်သူတွေဟာ နားလည် သဘောပေါက်လာကြပြီ ဖြစ်တာကြောင့် အခုလို ဝါဒဖြန့်တဲ့အပေါ် စိုးရိမ်စရာ မရှိဘူးလို့ ခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

“ကျနော့်ရဲ့ အကောင့်စစ်မှာ သတင်းအချက်အလက်တွေ၊ ကျနော့်ကို ဝေဖန်ပြောကြားတာတွေ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ဘယ်တုန်းကမှ တုံ့ပြန် ဖြေရှင်းတာမျိုး လုပ်လေ့ မရှိပါဘူး။ အခုအကောင့်တုတွေမှာတော့ comment (မှတ်ချက်) ရေးသူတွေအပေါ် ကျနော်ကနေပြီးတော့ ပြန်လည် ဖြေရှင်းတဲ့ ပုံစံမျိုး သူတို့ ဝါဒ ဖြန့်နေတာပေါ့။ ဒါကလည်း သူတို့ရဲ့ အမှားအယွင်း တစ်ခု ဖြစ်ပါတယ်” လို့ အကောင့် အစစ်နဲ့ အတုကြား ကွာခြားချက်ကို ခွန်မြင့်ထွန်းက ရှင်းပြပါတယ်။

အလားတူ စစ်ကောင်စီ ထောက်ခံသူတွေဟာ မတ်လ ၁၂ ရက်နေ့ကလည်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ နမ့်ဟူးကျေးရွာကို စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)က လုပ်ဆောင်တယ်လို့ လိမ်ညာ ဝါဒဖြန့်ခဲ့ပါသေးတယ်။

CJ-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now