မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် ပအိုဝ်းကျေးရွာတွေမှာ PNO ပြည်သူ့စစ်က တပ်သားသစ်နဲ့ လက်နက်ဖိုးငွေ အဓမ္မ တောင်းနေ

မဲခေါင် 13 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တပ်သားသစ်နဲ့ လက်နက်ဖိုးငွေ အဓမ္မ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တပ်သားသစ်နဲ့ လက်နက်ဖိုးငွေ အဓမ္မ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဒေသတွင်းမှာ PNO ပြည်သူ့စစ်က တစ်ရွာ ၂ ယောက်ကနေ ၅ ယောက်အထိ တပ်သားသစ် တောင်းနေတာ ဖြစ်ပြီး တပ်သားသစ် အဖြစ် စုဆောင်းခံရသူတွေ အတွက် လက်နက်ဖိုးကိုပါ ကျေးရွာတွေကို တောင်းခံနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တစ်ချို့ ရွာတွေက ၂ ယောက်၊ တစ်ချို့ရွာက ၃ ယောက်၊ တစ်ချို့ရွာက ၅ ယောက် တောင်းတယ်။ ရွာအကြီး အသေးပေါ် မူတည်တယ်။ ကျွန်တော်တို့ ရွာကိုတော့ ၂ ယောက် တောင်းထားတယ်။ အဲ့ဒီတောင်းခံရတဲ့ လူဦးရေ အတိုင်း သေနတ်ဖိုးကိုပါ ရွာတွေဖက်က စုဆောင်းပေးရတယ်” လို့ ပင်လောင်းမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလို တပ်သားသစ် သာမက လက်နက်ဖိုးပါ တောင်းတဲ့ အတွက် ဒေသခံတွေ အနေနဲ့ အခက်အခဲကြုံရပြီး လက်နက်ဖိုးကို PNO ပြည်သူ့စစ်ထံ အပ်နှံလို့ရသလို ရွာတွေဘက်က ကိုယ်တိုင်ဝယ်လည်း ရတယ်လို့ PNO ပြည်သူ့စစ်က ပြောဆိုထားတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“တစ်လက်ကို သိန်း ၂၀၀ ဆိုပြီး စုခိုင်းတယ်။ လက်နက် မဝယ်တတ်ရင် သူတို့ကို အပ်လည်းရတယ်။ ကျေးရွာတွေ အနေနဲ့ ကိုယ်တိုင် ပြန်ဝယ်ပေးလည်း ရတယ်တဲ့။ ဒါပေမယ့် လက်နက်ကို ရွာသားတွေက ဘယ်လိုလုပ် ကိုယ်တိုင်ဝယ်လို့ ရမလဲဗျာ။ သူတို့ လုပ်စားဖို့ ဂွင်ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

PNO ပြည်သူ့စစ်အဖွဲ့က လက်ရှိ လူနဲ့ လက်နက် တောင်းခံနေတဲ့ ကျေးရွာတွေဟာ ပင်လောင်းမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ထီဗိ၊ ဆောင်းပြောင်း၊ ကောင်ဗာ စတဲ့ ကျေးရွာတွေဖြစ်ပြီး ပင်လောင်းမြို့နယ် တောင်ပိုင်းကို လူ လက်နက် စုဆောင်းပြီးပါက ကျန်တဲ့ ဒေသတွေကိုလည်း အလားတူ စုဆောင်းသွားမယ်လို့ PNO ပြည်သူ့စစ်အဖွဲ့က ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ ရပ်ရွာလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်နဲ့ တပ်သားသစ် တောင်းတာ ဖြစ်ပြီး အဲ့ဒီလို တောင်းရာမှာ PNO အုပ်ချုပ်ရေး ယန္တရားရဲ့ မြို့နယ်မှူး၊ အုပ်စုမှူးတွေက တစ်ဆင့် ကျေးရွာသူကြီးကို ဖိအားပေး စုဆောင်းခိုင်းတာလို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ကလည်း ပင်လောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို တစ်ရွာ တူမီးသေနတ် ၂ လက် လာအပ်ရမယ်ဆိုပြီး ဒေသခံတွေရဲ့ လက်လုပ် တူမီးသေနတ်တွေကို သိမ်းယူခဲ့ဖူးပါတယ်။

PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့နယ်သာမက ညောင်ရွှေမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကိုလည်း တပ်သားသစ် တစ်ရွာ ၅ ယောက် အဓမ ္မစုဆောင်းနေပြီး တပ်သားသစ် မပေးနိုင်တဲ့ ရွာတွေကို လစဉ် လုံခြုံရေးကြေး တစ်အိမ် ၃ သောင်း ထည့်ရမယ်လို့ ဒေသခံ လူထုကို ခြိမ်းခြောက်ထားပါတယ်။

PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့နယ်အတွင်း ပအိုဝ်း ပြည်သူများကို ကျည်ဆံဖိုး၊ တပ်ဖွဲ့တွေ အတွက် ကားဖိုး၊ ရေပိုက်ဖိုး စသဖြင့် အကြောင်းအမျိုးမျိုးပြကာ တစ်အိမ်ကို ငွေကြေး ၈ သောင်းကျပ်ကနေ တစ်သိန်းကျော်အထိ တောင်းခဲ့ဖူးပါတယ်။

ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်ရှိ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်တာ၊ ပြည်သူလူထုကို အကြောင်းအမျိုးမျိုး ဆက်ကြေးတောင်းတာတွေ ပြုလုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

CJ002

#MekongNews

#ပင်လောင်းမြို့နယ်

#PNO-ပြည်သူ့စစ်

#ဦးအောင်ခမ်းထီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now