မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ တုပ်ကွေးအဖြစ်များနေပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရ

မဲခေါင် 14 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၁၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ပြည်သူလူထုတွေ တုပ်ကွေး ဖြစ်ပွားမှုများပြားနေပေမယ့် ဆေးဝါးကုသမှု အချိန်မီ မရရှိကြဘူးလို့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကပြောပါတယ်။

မဲခေါင် ၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ပြည်သူလူထုတွေ တုပ်ကွေး ဖြစ်ပွားမှုများပြားနေပေမယ့် ဆေးဝါးကုသမှု အချိန်မီ မရရှိကြဘူးလို့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ ထောင်ချီရှိနေတဲ့ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ကန့်သတ်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိဖို့ ခက်ခဲနေဆဲဖြစ်ကာ အခုအချိန် တုပ်ကွေးဖြစ်ပွားမှုများတဲ့ မိုးရာသီမှာ ဆေးဝါးရရှိဖို့ ပိုခက်ခဲကြတာပါ။

“တစ်ချို့နည်းနည်းပါးပါးကတော့ သွေးလွန်တုပ်ကွေးဖြစ်တယ်။ အများစုက တုပ်ကွေးဖြစ်တာပေါ့။ လူကလည်းများတော့ တစ်ယောက်ပြီးတစ်ယောက် ကူးကူးပြီးဖြစ်တာဗျ။ ဆေးကလည်း ဝယ်တိုင်းမရဘူး။ အခက်အခဲတွေများတယ် အဖွဲ့အစည်းတွေအနေနဲ့ စခန်းတွေထိ လိုက်လံ ကုသမှုပေးနိုင်ရင်တော့ ကောင်းမယ်ဗျ” လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တုပ်ကွေးဖြစ်ပွားနေတဲ့ သူတွေအများစုဟာ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်တာကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရင် စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကပြောပါတယ်။

“အဖြစ်အများဆုံးက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ။ သူတို့တွေက ကိုယ်ခံအားလည်းနည်းတော့ စိုးရိမ်ရတယ်ဗျ။ ဖြစ်တာကလည်း လူ ၂၀ ဆိုရင် ၁၀ ကျော်က ဖြစ်နေတာ။ တစ်ယောက်ကောင်းရင် နောက်တစ်ယောက်ကဖြစ် အဲ့လိုဖြစ်နေတယ်ဗျ။ တုပ်ကွေးကနေ အဖျားတွေပြင်းပြီး မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှာ စိုးရိမ်တယ်ဗျ” လို့ သူကပြောပါတယ်။

ပင်လောင်းမြို့နယ်အတွင်းမှာ ဆန်တွေ၊ ဆေးဝါးတွေ သယ်တာကို စစ်ကောင်စီ ဂိတ်တွေက ကန့်သတ်တာ သိမ်းဆည်းတာတွေကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်ဖို့အခက်အခဲ ဖြစ်နေတာပါ။

ဒါ့အပြင် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို အလှူရှင်တွေကိုယ်တိုင် တိုက်ရိုက် သွားရောက်ကူညီခွင့်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုတွေ အကူအညီ ရရှိဖို့ အခက်အခဲဖြစ်နေပါတယ်။

ပင်လောင်းမြို့နယ်အတွင်းမှာ ရှမ်းပြည်နယ် နဲ့ ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေ ၅၀၀၀ ကျော်ရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင် စခန်း ၁၀ ခု နဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ နေထိုင်နေရတာဖြစ်ပါတယ်။

CJ-002

#MeKongNews

#ပင်လောင်း

#စစ်ကောင်စီ

#ပြည်သူ့စစ်

#စစ်ဘေးရှောင်

#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now