မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးကို လူထုရဲ့ဘဝပေးအသိနဲ့ ဆင်နွှဲနေတာလို့ PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း ပြော

မဲခေါင် 4 Sep - 2023
လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အလွှာ အတန်းစား ပေါင်းစုံမှ ပြည်သူလူထုတွေက ဘဝပေးအသိနဲ့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၄

လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အလွှာ အတန်းစား ပေါင်းစုံမှ ပြည်သူလူထုတွေက ဘဝပေးအသိနဲ့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။

အခုလို ပြောဆိုရတာဟာ ဒီကနေ့ တော်လှန်နေကြတဲ့ လူထုဟာ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ ပါတီ အဖွဲ့အစည်း တစ်ခုက ဦးဆောင် သိမ်းသွင်း စည်းရုံးလို့ တော်လှန်ရေးကို ဆင်နွှဲနေတာ မဟုတ်တာကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။

“စစ်အုပ်စုရဲ့ မတရားမှုတွေနဲ့ ကြုံရတဲ့အခါမှာ ပြန်ချမှရမယ် ဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲတာ ဖြစ်တယ်။ ဒါကျွန်တော်တို့ ပြေးစရာမြေ မရှိတဲ့ဘဝမှာ ပြန်ချမှရမယ်ဆိုတဲ့ အသိနဲ့ ဒီကနေ့ လူထုဟာ လူထုရဲ့ဘဝပေး အသိနဲ့ ဒီနွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်” လို့ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။

အခု ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ အုပ်ချုပ်သူ အပြောင်းအလဲကို လိုချင်တာ မဟုတ်ဘဲ ခေတ်ပြောင်း စနစ်ပြောင်းတဲ့အထိ တော်လှန်ရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီနွေဦးတော်လှန်ရေးကို လူမျိုးပေါင်းစုံ၊ လူထု လူတန်းစား ပေါင်းစုံ၊ အလွှာပေါင်းစုံက ဆင်နွှဲနေတာကြောင့် အမျိုးသား ညီညွတ်ရေး အတိုင်အပင်ခံ ကောင်စီ-NUCC နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ တို့ကို စုစည်း ဖွဲ့စည်းပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆင်နွှဲနိုင်တာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ဒါ့အပြင် လူထုတော်လှန်ရေး ဖြစ်တာကြောင့် မိမိရဲ့ သက်ဆိုင်ရာ လူထုလူတန်းစား အလွှာအသီးသီးအလိုက် လူမျိုး အလိုက်သော်လည်းကောင်း၊ ပြည်နယ် ဖက်ဒရယ် ယူနစ်အလိုက်သော်လည်းကောင်း၊ အစုအဖွဲ့ အလိုက်သော်လည်းကောင်း၊ အစုအစည်းတွေ ဖွဲ့စည်းပြီးတော့ အမျိုးသား ညီညွတ်ရေး အတိုင်အပင်ခံကောင်စီမှာ ပါဝင်ကာ တော်လှန်ရေးကို စုစုစည်းစည်း လုပ်ဆောင်နေတယ် လို့လည်း ဦးခွန်မြင့်ထွန်း ကပြောပါတယ်။

PNFC ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ ပအိုဝ်းအစုအဖွဲ့ဖြစ်ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့အနေနဲ့ PNFC ရဲ့ ဦးဆောင်မှုကို ခံယူတဲ့ PPDF-ခမ်းဒွမ် နဲ့ PNDF-ခမ်းကောင်ကို စုဖွဲ့ကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေပါတယ်။

CJ-002

#MeKongNews

#ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ

#နွေဦးတော်လှန်ရေး

#ဦးခွန်ထွန်းမြင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now