ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက နွားထိုးကြီးမြို့နယ်၊ မင်းရွာ အ.ထ.က မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ အသက် ၂၇ နှစ်အရွယ် ကိုသောင်းတန်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို ဖမ်းဆီးကာ ကျောင်းထဲမှာ သတ်ဖြတ်ခဲ့တာလို့ နွားထိုးကြီး သတင်းစုံက ဖော်ပြပါတယ်။
အဲဒီနောက် အလောင်းတွေကို ညပိုင်းမှာ နွားထိုးကြီးမြို့ အရှေ့ဖက် တစ်မိုင်ကျော်ရှိ ဂွေးပင်တော လမ်းခွဲမှာ စွန့်ပစ်ခဲ့ရာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ သိရပါတယ်။
စွန့်ပစ်ခံရသူတွေဟာ လက်ကို ကြိုးတုတ်ခံထားပြီး ဓားဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေကို ကိုယ်ခန္ဓာပေါ်မှာ တွေ့ရတယ်လို့ သိရပါတယ်
လို့ နွားထိုးကြီး သတင်းစုံ တာဝန်ရှိသူက ပြောပါတယ်။
အသတ်ရသူ ၃ ဦးအနက် ဦးသောင်းတန်နဲ့ ဦးငြိမ်းတို့ သေဆုံးပြီး ကိုဇော်ထွေးမှာ အသက်မသေလို့ နွားထိုးကြီး ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွားထိုးကြီးမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ သွေးသောက်အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ မကြာခဏ ဆိုသလို ကျူးလွန်နေပါတယ်။