မြန်မာ့နွေဦး

နိုင်ငံရေး အကျဥ်းသားတွေအတွက် ထောင်ဝင်စာပေးပို့ဖို့ ခက်ခဲလာ

မဲခေါင် 12 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၁၂ အာဏာသိမ်းပြီးချိန်ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံတ၀ှမ်းက အကျဥ်းထောင်တွေမှာ နိုင်ငံရေး အကျဥ်းသား ၂၄,၇၅၁ ဦးရှိနေပြီး လက်ရှိ ထောင်ဝင်စာပေးပို့ဖို့ ခက်ခဲလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် (Political Prisoner Network- Myanmar) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၂

အာဏာသိမ်းပြီးချိန်ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံတ၀ှမ်းက အကျဥ်းထောင်တွေမှာ နိုင်ငံရေး အကျဥ်းသား ၂၄,၇၅၁ ဦးရှိနေပြီး လက်ရှိ ထောင်ဝင်စာပေးပို့ဖို့ ခက်ခဲလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် (Political Prisoner Network- Myanmar) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ထောင်ဝင်စာပေးပို့ရာမှာ မိသားစုဝင် ဖြစ်ပြီး အိမ်ထောင်စု စာရင်းမှာ ပါ၀င်သူသာ ပို့ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

“ အကျဥ်းထောင်ထဲမှာ လိုအပ်နေတဲ့ လူအရေအတွက် အတိုင်းကို ကျွန်တော်တို့ မကူညီနိုင်သေးဘူး။ မိဘက မပို့နိုင်တဲ့သူတွေ၊ အရေးကြီး လိုအပ်နေတဲ့သူတွေ၊ တကယ် အဆင်မပြေတဲ့ သူတွေကို ဦးစားပေးပြီး ကူညီပေးနေရတယ်။ အဲ့အတွက် စိတ်ရှိတိုင်း ကူညီပေးနိုင်တာမျိုးတော့ မရှိသေးဘူး” လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဥ်းသားတွေဟာ ထောင်တွင်း အကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အချိန်ကြာမြင့်စွာ တိုက်ပိတ် နှိပ်စက်ခံရတာ၊ ထောင်ပြောင်းခံရတာနဲ့ ရိုက်နှက်နှိပ်စက် ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း ထောင်တွင်း အကြမ်းဖက်မှုတွေ များပြားပြီး ၂၀၂၃ ခုနှစ် ကတော့ အဆိုးရွားဆုံး အနှိပ်စက်ခံရတဲ့ နှစ်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်ဟာ လက်ရှိအချိန်အထိ အကျဥ်းထောင် ၁၇ ခုက နိုင်ငံရေး အကျဥ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

CJ-004

#MeKongNews

#နိုင်ငံရေး_အကျဥ်းသား

#ထောင်၀င်စာ

#နိုင်ငံရေးအကျဥ်းသားများကွန်ရက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now