၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ အမိန့်ချမှတ်ခံထားရသူ အမျိုးသား ၂၈၂ ဦးနဲ့ အမှုရင်ဆိုင်နေရသူ ၂၇ ဦး၊ စုစုပေါင်း အကျဉ်းသား ၃၀၉ ဦး ရှိတယ်လို့ DPPN မှ သိရပါတယ်။
အလားတူပင် အမိန့်ချခံထားရသူ အမျိုးသမီး ၆၃ ဦးနဲ့ တရားရင်ဆိုင် နေရသူ ၃ ဦး၊ စုစုပေါင်း ၆၆ ဦးရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် အမျိုးသား နိုင်ငံရေး အကျဉ်းသား ၃၀၉ ဦးနဲ့ အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၆၆ ဦး စုစုပေါင်း ၃၇၅ ဦးမှာ ထားဝယ် အကျဉ်းထောင်ထဲမှာ ဒီနေ့အထိ ဖမ်းဆီး အကျဉ်းချ ခံထားရတယ်လို့ သိရပါတယ်။
ဒါဟာ လက်ရှိ ထားဝယ်ထောင်ထဲမှာ ရှိနေတဲ့ အရေအတွက်ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူတွေ စာရင်း မပါဝင်ဘူးလို့လည်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်-DPPN က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့ တဲ့ရက်ပိုင်း အတွင်းက ထားဝယ်မြို့နယ် တရားရုံးမှ နိုင်ငံရေး အကျဉ်းသား ၇၂ ဦးကို ရုံးထုတ် စစ်ဆေးခဲ့ပြီး အမျိုးသား ၆ ဦးကို ပြန်လွှတ်ပေးကာ ကျန် ၆၆ ဦးကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။