မဲခေါင်၊ မတ် ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။
မတ်လ ၂၅ ရက် နေ့လည် ၁ နာရီကျော်ခန့်အချိန်မှာ သတင်းအရ တရားမဝင် တရုတ်နိုင်ငံသားတွေ ရောက်ရှိနေတယ်လို့သိရလို့ စစ်ကောင်စီ တပ်ဖွဲ့တွေက သွားရောက်စစ်ဆေးရာမှာ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ် ၁၂ လမ်း၊ အိမ်အမှတ်(ဝက-၉/၅၇၃) နေ ဦးနေလင်းအောင်ရဲ့ ခြံဝန်း သုံးထပ်တိုက်အတွင်းမှာ တရုတ်နိုင်ငံသား ကျား ၅၈ ဦးနဲ့ ကွန်ပျူတာ ၅၃ လုံး၊ လက်ကိုင်ဖုန်း ၆၁ လုံးတို့ကို ဖမ်းဆီးရမိခဲ့တာလို့ သိရတယ်။
“သူတို့က အွန်လိုင်းမဟုတ်ဘူး၊ ကျားဖြန့်ဖြစ်မယ်၊ အဲလူတွေ အပြင်ကိုမထွက်တာ” လို့ ဝမ်ကောင်းရပ်ကွက်သူ တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နဲ့ ဆန်ဆိုင်း(က)ရပ်ကွက်တွေက ကျားဖြန့်လုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသား ၂၀၆ ဦးကို ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ဖမ်းဆီးရမိခဲ့ပြီးနောက် အခု ထပ်မံဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
MK-012