မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို ရခိုင့်တပ်တော် AA အသေဖမ်းမိ

မဲခေါင် 11 Feb - 2024
ရခိုင်မှာရောက်နေတဲ့ တပ်မ - ၁၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို ရခိုင့်တပ်တော် - AA က ဖေဖော်ဝါရီလ ၈ရက်မှာ အသေဖမ်းမိတယ်လို့ ပန်ဆန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို အတည်ပြုပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်မှာရောက်နေတဲ့ တပ်မ – ၁၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို ရခိုင့်တပ်တော် – AA က ဖေဖော်ဝါရီလ ၈ရက်မှာ အသေဖမ်းမိတယ်လို့ ပန်ဆန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို အတည်ပြုပါတယ်။

မြောက်ဦးမြို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်းရဲ့ အလောင်းကို ရရှိခဲ့တာဖြစ်ပြီး သတ်သေသွားတာဖြစ်နိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“သူ့နောက်တန်းဌာနချုပ်က မြောက်ဦးလေ။ မြောက်ဦးက ၇ရက်၊ ၈ရက်လောက်ကတည်းက ပြောင်နေပြီ။ ဒီကောင်တွေ(မြန်မာစစ်တပ်)က အရင်က ဗိုလ်မှူးချုပ်လောက်ကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်သေးတယ်။ ကွမ်လုံတိုက်ပွဲနောက်ပိုင်းကတည်းက မကယ်ထုတ်တော့ဘူး။ မနိုင်ရင် အသေခံဆိုတဲ့ သဘောမျိုးဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

အခုသေဆုံးသွားတဲ့ ဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာ တာချီိလိတ်မြို့နယ် ဗျူဟာမှူးအဖြစ် လုပ်ကိုင်သွားသူဖြစ်ပြီး သူ့ရဲ့ အမျိုးသမီးဟာ ဆရာဝန်အဖြစ်ကနေ စစ်တပ်အာဏာသိမ်းချိန်မှာ CDM ပြုလုပ်ပြီး သူနဲ့ကွာရှင်းခဲ့တယ်လို့ တာချီလိတ်မြို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာ တာချီလိတ်မှာရှိစဉ်က ဗိုလ်မှူးကြီးရာထူးဖြစ်ပြီး တပ်မ-၁၁ ကိုပြောင်းရွှေ့သွားချိန်မှာ ဗိုလ်မှူးချုပ်ရာထူးတိုးသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်မှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်း ၂ဦးရှိပြီး တစ်ဦးကို TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၆ရက် ရှမ်းမြောက်၊ နမ့်ဆန်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့ကာ နောက်တစ်ဦးကိုတော့ AA က မြောက်ဦးမှာ အသေဖမ်းမိခဲ့တာဖြစ်ပါတယ်။

TNLA က နမ့်ဆန်က ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို ဖမ်းဆီးရမိချိန်မှာ သတင်းမီဒီယာအချို့မှာ တာချီလိတ်မှာ ဗျူဟာမှူးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်မင်းမင်းထွန်းနဲ့ မှားယွင်းဖော်ပြတာကြောင့် သူ့အတွက် ယတြာကျေတယ်ဆိုပြီး သဘောကျခဲ့သေးတယ်လို့ တာချီလိတ်မြို့က သူနဲ့နီးစပ်သူတွေက မဲခေါင်ကို ပြောပါတယ်။

“တပ်မ – ၁၁ နှစ်ပတ်လည်နေ့တုန်းကတောင် တာချီလိတ်က သူ့လူတွေကို အမှတ်တရအင်္ကျီပို့ပေးသေးတယ်။ ပထမ မင်းမင်းထွန်းနဲ့သူ့ကို မှားတုန်းက သူယတြာကျေသွားပြီ မသေတော့ဘူးဆိုပြီး ပျော်နေသေးတာ။ အဲ့လူက တာချီလိတ်မှာလည်း အသေရှာ(ငွေ)သွားသေးတာ။ လူလည်။ ပထမက ရှမ်းမြောက်မှာ ပွဲကြမ်းနေတော့ ရခိုင်ကို ရအောင်ပြောင်းသွားတာ” လို့ သူက ပြောပါတယ်။

မင်းမင်းထွန်း ၂ယောက်လုံးဟာ မင်းအောင်လှိုင်အားကိုးတဲ့လူတွေဖြစ်ပြီး ဗေဒင်၊ ယတြာတွေနဲ့ နာမည်ကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးဖြစ်မယ်လို့ စစ်တပ်အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“သူတို့က ဗေဒင်ယတြာတွေလေဗျာ။ မင်းအောင်လှိုင်၊ မင်းမင်းထွန်းဆိုပြီး။ ကြာသပတေးသားလွှတ်၊ တပ်မမှူးခန့်တာ။ တိုက်ဆိုင်တာမဟုတ်ဘူး။ ဒဲ့ကြီး။ ဟိုကောင်က တပ်မ – ၁၀၁၊ ဒီကောင်က ၁၁။ ဗမာစစ်ဗိုလ်က ပြည်သူပြောလည်းမယုံဘူး။ ဘယ်သူပြောပြောမယုံဘူး။ သူတို့မယား ကြီး၊ ငယ်တွေရယ်၊ ဗေဒင်ဆရာရယ်ပြောရင် အကုန်ယုံတယ်။ အဲဒါကြောင့် တိုင်းပြည်က ဒုက္ခရောက်တာ” လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဇန်နဝါရီလ ၃ရက်အထိ စစ်ကောင်စီဘက်က သေ-ပျောက်-ဖမ်းမိတဲ့ ဒုတိယဗိုလ်မှူးကြီးနဲ့အထက် အရာရှိ ၁၄ဦးရှိတယ်လို့ Myanmar Now သတင်းဌာနက စာရင်းပြုစုထားပြီး လက်ရှိမှာတော့ ၂၀ဦးနီးပါးရှိလာပြီ ဖြစ်ပါတယ်။

ပုံအညွှန်း – တာချီလိတ်တွင် တာဝန်ကျစဉ်က အားကစားပွဲတစ်ခု၌တွေ့ရသည့် ဗိုလ်မှူးချုပ်မင်းမင်းထွန်း
MK – 004

#MeKongNews

#ဗိုလ်မှူးချုပ်မင်းမင်းထွန်း

#AA

#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now