မဲခေါင်၊ အောက်တိုဘာ ၁၉
တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့-UWSA က အရာရှိ ၂ ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေတောင်းမှုတွေ ကျူးလွန်တာ၊ ကျူးလွန်ဖို့ အားထုတ်တာတွေကြောင့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ဟိုပန်ခရိုင် တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီ ဖမ်းဝရမ်း ထုတ်လိုက်သူ ၂ ဦးဟာ ပေါက်အိုက်ပန်း နဲ့ အိုက်ဟော့ တို့ဖြစ်ပါတယ်။
‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူး ဖြစ်သူ ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး ဖြစ်သူ အိုက်ဟော့တို့ကို ဖမ်းပေးပါက တရုတ်ယွမ် တစ်သိန်းကနေ ၅ သိန်းအထိ ပေးမယ်လို့ တရုတ်နိုင်ငံ ထုတ်ပြန်ထားတာပါ။
သူတို့ ၂ ဦးကို ရာထူးက ထုတ်ပယ်လိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ‘၀’ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
#MeKongNews
#‘၀’_အရာရှိ
#တရုတ်နိုင်ငံ
#ဖမ်း၀ရမ်း