မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ထော်လာဂျီတိုက်လို့ အသက် ၄ နှစ်အရွယ် ကလေးငယ် သေဆုံးပေမယ့် ရဲကအရေးမယူ

မဲခေါင် 30 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအို၀်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊ မိုက်တီးကျေးရွာမှာ ထော်လာဂျီ တိုက်လို့ အသက် ၄ နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ပေမယ့် ရဲက အရေးမယူဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအို၀်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊ မိုက်တီးကျေးရွာမှာ ထော်လာဂျီ တိုက်လို့ အသက် ၄ နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ပေမယ့် ရဲက အရေးမယူဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မိုက်တီးကျေးရွာနေ အသက် ၄ နှစ်အရွယ် မနန်းဆုမွန်ဦး ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ မူကြိုကျောင်းက အပြန် ထော်လာဂျီ အတိုက်ခံရလို့ ဆေးရုံ တက်ရောက် ကုသပေမဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မူကြိုက ပြန်လာတဲ့ ကလေးငယ်ကို ဆီဆိုင်မြို့နယ်၊ နောင်လုံတောင်ရွာနေ စိုင်းဆန်းဦး ဆိုသူ မောင်းနှင်တဲ့ ထော်လာဂျီနဲ့ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ကလေးနဲ့ ဆွေမျိုးတော်စပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

“ထော်လာဂျီနဲ့ တိုက်မိတော့ ကလေးကိုတောင် ဆင်းမကြည့်ဘူး။ ထော်လာဂျီပေါ်ကနေ နောက်လှည့်ကြည့်ပြီး မောင်းပြေးသေးတယ်။ အဲ့ဒါကို ရွာကလူတွေက အော်ပြီး ဆိုင်ကယ်နဲ့ လိုက်ခေါ်မှ ပြန်လာကြည့်တာ။ ရွာထဲမှာကို ထော်လာဂျီ အမြန်ကြီးမောင်းလို့ တိုက်မိတာ” လို့ ကလေးနဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။

ထော်လာဂျီနဲ့ တိုက်မိတဲ့ ကလေးကို ဆိုက်ခေါင် တိုက်နယ်ဆေးရုံမှ တဆင့် တောင်ကြီးမြို့ ထွန်းဆေးရုံမှာ ခွဲစိပ်ကုသပေမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

“ဆေးရုံမှာ ခွဲစိပ်ကုသလည်း ကလေးက ပြန်မကောင်းလာဘူး ဆုံးသွားတယ်။ ကလေးမိဘက ထိုင်းမှာ အလုပ် သွားလုပ်နေတာ။ သနားပါတယ်” လို့ မိုက်တီးရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထောလာဂျီတိုက်လို့ သေဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေဖြစ်တဲ့ ခွန်ချစ်လယ် နဲ့ နန်းအုန်းမေ တို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ အတွက် ကလေးငယ် နန်းဆုမွန်ဦး ဟာ အဖိုးအဖွားနဲ့အတူ နေထိုင်တာ ဖြစ်ပါတယ်။

မိုက်တီးရွာ အရှေ့ဘက်၊ ဆိုက်ခေါင်စံပြကျေးရွာမှာ ရဲစခန်းရှိပေမယ့် လက်ရှိအချိန်ထိ ထော်လာဂျီ မောင်းသူကို ဖမ်းဆီး အရေးယူတာ မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ရဲက ဘာမှမလုပ်ဘူး။ သူတို့အချင်းချင်း စကားပြောကြလို့တောင် ပြောလိုက်တယ်။ PNO အဖွဲ့လည်း ကျည်ဆန်ဖိုး၊ လုံခြုံရေးဖိုး ဆိုပြီး ငွေကောက်တုန်းက ကောက်ပြီး အခုပြဿနာက သူတို့နဲ့ မဆိုင်သလို လုပ်နေတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရပ်ရွာသူကြီးတွေကလည်း ရှုပ်ရှုပ်ယှက်ယှက် မလုပ်ဘဲ ဆေးဝါးကုသမှု ကုန်ကျစရိတ်နဲ့ ကလေး အသုဘ နာရေး ကုန်ကျစရိတ်ယူပြီး ကျေအေးဖို့ ဖိအားပေးနေတယ်လို့ ဒေသခံ လူငယ်တွေက ပြောပါတယ်။

“ရွာလူကြီးတွေက ရှုပ်ရှုပ်ယှက်ယှက် မလုပ်နဲ့၊ နစ်နာကြေးယူပြီး ကျေအေးဖို့ ဖိအားပေးနေလို့ ကလေးတွေရဲ့ ဆွေမျိုးတွေဘက်က စိတ်သောက ရောက်နေတယ်။ အခုတော့ ကလေး အဖေ အမေက ထိုင်းကနေ ပြန်လာနေတယ်လို့ ပြောတယ်။ ဘယ်လို ဖြေရှင်းကြမလဲတော့ မသိသေးဘူး” လို့ မိုက်တီးရွာခံ လူငယ် တစ်ဦးက ပြောပါတယ်။

ထော်လာဂျီက တိုက်မိလို့ သေဆုံးသွားတဲ့ ကလေးငယ်ကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ အဖိုး အဖွားတွေ ဆွေမျိုးတွေက ဈာပန ပြုလုပ် သင်္ဂြိုဟ် ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-002

#MekongNews

#မိုက်တီးကျေးရွာ

#ထော်လာဂျီ

#မူကြို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now