မြန်မာ့နွေဦး

ဆီဆိုင်မြို့တိုက်ပွဲ နှစ်လကြာမြင့်လာချိန် မြို့ကိုပြန်လာသူ ၆၀ ခန့် ပျောက်ဆုံးနေ

မဲခေါင် 23 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူတာ အပါအဝင်အကြောင်းအမျိုးမျိုးနဲ့ပြန်တဲ့ ၆၀ ဦးခန့် မိသားစုနဲ့ အဆက်အသွယ်မရ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီနေသူတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူတာ အပါအဝင်အကြောင်းအမျိုးမျိုးနဲ့ပြန်တဲ့ ၆၀ ဦးခန့် မိသားစုနဲ့ အဆက်အသွယ်မရ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီနေသူတွေထံက သိရပါတယ်။

ဆီဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကနေ ဒီနေ့ မတ်လ ၂၃ ရက် ထိ နှစ်လတိတိကြာမြင့်ခဲ့ချိန်မှာ ဆီဆိုင်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ပြန်တဲ့သူ ဒေသခံ ၆၀ ဦးခန့် မိသားစုက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လူမှုကူညီရေးအဖွဲ့က စုစည်းထားတဲ့ စာရင်းအချို့အရ မတ်လ ၁၀ ရက် ကိုရင် ခေါ် စိုးဝင်းနဲ့လွိုင်ကော်မှာ ကားအငှားလိုက်သူ ၂ ဦး၊ မတ်လ ၁၅ ရက်က ဆီဆိုင် သီရိရပ်ကွက်နေ မြတ်သူနဲ့အောင်ချမ်းသာရပ်ကွက်က ကားအငှားလိုက်သူ ကျော်လွင် နဲ့ အခြားအမည်မသိရသူ ၆၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

တချို့က မြို့နဲ့ အနီးတဝိုက်မှာပဲ စစ်ရှောင်နေကြပြီး ရိက္ခာပြတ်လပ်တဲ့အခါ မြို့ထဲ ပြန်ဝင်လို့ အဖမ်းခံကြရသူ၊ မြို့ရဲ့အရှေ့ဘက် လွယ်တဖီးတောင်ခြေမှာ စစ်ရှောင်နေကြသူတွေ၊ မြို့အနောက်ဘက် တဘက်ချောင်းဘေးနဲ့ မြို့အနောက်ဘက် ရွှေဟင်္သာဘုရားအနီး ဝန်းကျင် စစ်ရှောင်နေကြသူတွေဟာ မြို့နဲ့နီးတော့ ရိက္ခာပြတ်လပ်တဲ့အခါတိုင်း မြို့ထဲကို ပြန်ဝင်ကြတာလို့ ပြောပါတယ်။ အဲလို ပြန်ဝင်ရင်း ပြန်မလာတော့ဘဲ အဆက်အသွယ်ပြတ် နေတာလို့ သိရပါတယ်။

လူမှုကူညီနေသူ တစ်ဦးကတော့ “စစ်ရှောင်တွေအားလုံးမှာ တူညီတဲ့ ခံစားချက်တစ်ခုရှိတယ်၊ အဲဒါက အိမ်ကိုပြန်ချင်ကြတာဘဲ” လို့ မဲခေါင်ကို သတင်းပေးပြောပြပါတယ်။

အခြားတစ်ဦးကတော့ တိုက်ပွဲကြောင့် ကျဆုံး၊ သေဆုံးသူတွေ စာရင်းကို ပြုစုထုတ်ပြန်ပေးသလို ပျောက်ဆုံးသူ စာရင်းကိုလည်း ရသမျှ အမည်၊ လိပ်စာတွေ၊ ပျောက်ဆုံးနေရာနဲ့ နောက်ဆုံးသိရတဲ့အခြေအနေတွေကို စုံစမ်းပြီးထုတ်ပြန်ပေးစေချင်တယ်လို့ ပြောပါတယ်။

စစ်ရှောင်ရတာ အချိန်ကြာလာနဲ့အမျှ စားဝတ်နေရေးက ပိုပြီး ကြပ်တည်းလာတယ်၊ အလုပ်အကိုင်မရှိ ဝင်ငွေမရှိ ၊ ဝင်ငွေမရှိ၊ တနေ့ထက်တနေ့ စားသောက်ရေးက ပိုပို ခက်ခဲလာတယ်၊ ငွေကြေးပြည့်စုံသူတွေကလွဲရင် ကျန်တဲ့သူအားလုံး နေထိုင်ရေးကအစ ခက်ခဲလာတယ်၊ မနေ့ကမိုးရွာတယ်၊ တောထဲက မိသားစုတွေ တစ်ညလုံး မိုးရွာထဲမှာ နေရရှာတယ်လို့ ပြောပါတယ်။

လက်ရှိ ဆီဆိုင်မြို့ဟာ နေ့စဉ်ပစ်နေတဲ့ လက်နက်ကြီးဒဏ်၊ ဒရုန်းဗုံးဒဏ်၊ လေယာဉ်ဗုံးကြဲမှုတွေကြောင့် မြို့ရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီး ဆီဆိုင်မြို့ ၆ ရက်ကွက်အနက် ဟိုခဲ၊ မြကန်သာ၊ မင်္ဂလာ၊ အောင်ချမ်းသာ ရပ်ကွက်တွေဟာ အပျက်စီးဆုံးဖြစ်ပြီး ရပ်ကွက်အားလုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီလို့ သိရပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း ဒေသ မှာ တိုက်ပွဲစတဲ့ ဇန်နဝါရီ ၂၁ ရက်က မတ်လ ၁၆ ရက်ထိ အရပ်သား သေဆုံးမှု ၄၉ ဦး၊အရပ်သား ထိခိုက်ဒဏ်ရာရမှု ၆၄ ဦးလို့ ဖော်ပြထားပါတယ်၊ ယင်းစာရင်းထဲက ဆီဆိုင်တစ်ခုထဲအနေနဲ့ အရပ်သား သေဆုံးမှု ၁၄ ဦးအထက်ရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးအထက်ရှိခဲ့တာအပြင် မြို့ကို ပြန်လို့ ပျောက်ဆုံးနေသူ ၆၀ ဦးလို့ ဆီဆိုင်စစ်ဘေးရှောင် ကူညီနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

PYO ရဲ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်ဘေးရှောင် ၁ သိန်းနဲ့အထက်မှာ ဆီဆိုင်က ၆ သောင်းခွဲလောက်ပါဝင်ပြီး တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ အရေးပေါ်အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စစ်ဘေးရှောင်လာတာမှာ ၂ လပြည့်တဲ့ ဒီနေ့ မတ်လ ၂၃ ရက်မှာတော့ ယာယီမဟုတ်တော့ ဘဲ ကာလရှည်စစ်ဘေးရှောင်တွေ ဖြစ်လာနေကြရပြီး အမြဲတမ်းစစ်ဘေးရှောင်တွေ မဖြစ်ဖို့ ဆုတောင်းယုံကြလွဲပြီး ဘာမှ မတတ်နိုင်ကြဘူးလို့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံ စစ်ဘေးရှောင်တွေကို အရေးပေါ်၊ ယာယီနဲ့ ကာလရှည်၊ အမြဲတန်းဆိုပြီး Data of IDPs အဖွဲ့ သတ်မှတ်ရာမှာ အရေးပေါ်ကို တစ်ပတ်အတွင်း အဝတ်အထည်ကိုယ်တစ်ခုနဲ့ ပြေးရသူတွေ၊ ယာယီကို ၁ လအတွင်းနဲ့ ကာလရှည်ကို ၁ လက ၆ လအတွင်း၊ အမြဲတန်းကို ၆ လအထက် လို့ သတ်မှတ်ထားပါတယ်။

MK-012

MeKongNews

စစ်ဘေးရှောင်

နေရပ်ပြန်

ဆီဆိုင်မြို့

ပျောက်ဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now