မြန်မာ့နွေဦး

ဆယ်ဇင်းရွာ အနီးရှိ စစ်ကောင်စီစခန်းကို ဒီကနေ့ KIA တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရ

မဲခေါင် 11 Aug - 2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းရွာ အနီးရှိ စစ်ကောင်စီ စခန်း တစ်ခုကို ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့၊ မနက်ပိုင်း ၅ နာရီ ဝန်းကျင်က KIA တပ်မဟာ (၉)၊ တပ်ရင်း (၂၆) က သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းရွာ အနီးရှိ စစ်ကောင်စီ စခန်း တစ်ခုကို ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့၊ မနက်ပိုင်း ၅ နာရီ ဝန်းကျင်က KIA တပ်မဟာ (၉)၊ တပ်ရင်း (၂၆) က သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ရှမ်းနီ အမျိုးသား တပ်မတော်-SNA နဲ့ စစ်ကောင်စီ ခမရ (၁၁၆) ပူးပေါင်းတပ်နဲ့ KIA တပ်မဟာ (၉)၊ တပ်ရင်း (၂၆) တို့အကြား မနေ့ညနေ ကတည်းက တိုက်ပွဲ ပြင်းထန်နေပြီး ဒီမနက်ပိုင်းမှာ KIA ဘက်က လက်နက်အများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်နဲ့ နီးစပ်သူက ပြောပါတယ်။

“ ဟုတ်တယ်။ ပစ္စည်းတော်တော် သိမ်းဆည်းရတယ်။ တပ်ရင်း ၂၆ ဘက်” လို့ သူကပြောပါတယ်။

အဲဒီစခန်းကို ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃ နာရီ ဝန်းကျင်ခန့်ကစပြီး ဒီကနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်အထိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ နန့်ကသာ နဲ့ ပန်ရှီး (ပန်ချယ်) ကြား” လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက စခန်းတည်နေရာကို အတည်ပြု ပြောပါတယ်။

အဲဒီစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ KIA က သိမ်းပိုက် ရှင်းလင်းခဲ့ပြီး အဲဒီနေရာကို အခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီနဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုး တပ်စခန်း အခြေချလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားတာလို့ ဆိုပါတယ်။

ဩဂုတ်လ ၉ ရက်၊ ည ၈ နာရီ ဝန်းကျင်က ဖားကန့် KIA တပ်ရင်း (၆) စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၂ ကြိမ် လာကြဲသွားတာ အထိအခိုက်မရှိဘူးလို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ အနီးက စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီ SNA တပ်စခန်းနဲ့ နမ့်မှော် ကသိုင်းတောင်တပ်စခန်းကို KIA က သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့လို့ စစ်ကောင်စီက KIA တပ်ရင်း (၆) နယ်မြေတွေကို လက်နက်ကြီး ပစ်ခတ်ကာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-008

#MeKongNews

#ဒီးမော့ဆိုမြို့နယ်

#လက်နက်ခဲယမ်း

#ဒီးမော့ဆို_PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now