မြန်မာ့နွေဦး

စစ်အာဏာရှင်ကို တော်လှန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမယ်လို့ KNU ဥက္ကဋ္ဌ ကတိပြု

မဲခေါင် 5 Jul - 2023
မဲခေါင်၊ ဇူလိုင် ၅ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အနေနဲ့ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပြီး ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပြည့်စုံရေး နိုင်ငံရေး သတိ ရှိဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၅

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အနေနဲ့ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပြီး ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပြည့်စုံရေး နိုင်ငံရေး သတိ ရှိဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

ဒီနေ့ ဇူလိုင် ၅ ရက်မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကရင်အမျိုးသား လွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ KNU ဥက္ကဋ္ဌက ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ထည့်သွင်း ဖော်ပြထားတာပါ။

လက်ရှိ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခြေအနေတွေဟာ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့တာတွေနဲ့ လုံးဝမတူဘဲ စစ်အုပ်စုက ပြည်သူလူထုကို ရန်သူသဖွယ် သဘောထားနေပြီး ရပ်ရွာ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် နေတယ်လို့ သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

ဒါကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ အဓိက တာဝန်ဟာ ကရင်အမျိုးသားတွေအပြင် ပြည်သူလူထုကို စစ်အုပ်ချုပ်ရေးစနစ်နဲ့ အာဏာရှင်စနစ်ဆိုးရဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ ရပ်ရွာတွေကို မီးရှို့ ဖျက်ဆီးတာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာတွေကနေ တားဆီး ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဥက္ကဋ္ဌက ဆိုပါတယ်။

ကော်သူးလေ တပ်မတော်ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ဖြစ်ပြီး လက်ရှိ အချိန်ကာလဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေသလို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အခွင့်ကောင်းတွေလည်း ရှိနေတယ်လို့ သဝဏ်လွှာထဲမှာ ရေးသားထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ကျရာတာဝန်နဲ့ အခန်းကဏ္ဍတို့မှာ အားသွန်ခွန်စိုက် ကူညီပံ့ပိုးနေကြတဲ့ ပြည်တွင် းပြည်ပမှာရှိတဲ့ ကရင်အမျိုးသား အားလုံးကို အထူးတလည် ကျေးဇူးတင်ကြောင်း သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က အရာရှိ၊ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ မျိုးချစ် စစ်သည်တော်တွေ အားလုံး စည်းလုံးညီညွတ်စွာ ရဲစွမ်းသတ္တိအပြည့်နဲ့ ရန်သူခပ်သိမ်းကို အနိုင်ယူပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ KNU ဥက္ကဋ္ဌက ဆုတောင်းမေတ္တာ ပို့ပေးထားပါတယ်။

ကော်သူးလေ အစိုးရကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ ဖွဲ့စည်းတည်ထောင်ပြီး ကရင့်အမျိုးသား ခုခံတော်လှန်ရေး အစုအဖွဲ့တွေကို ကော်သူးလေ တပ်မတော်အဖြစ် စုစည်းခဲ့တာ ဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ မောကို(ဆောထိ) မြို့နယ်မှာ ပြုလုပ်တဲ့ ကရင်အမျိုးသားလုံးဆိုင်ရာ ကွန်ကရက်မှာ ကော်သူးလေ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို ကိုယ်စားလှယ် ခေါင်းဆောင်တွေက အတည်ပြုကာ ဖွဲ့စည်းပုံနဲ့ စုဖွဲ့မှုတွေကို ပြင်ဆင်ခဲ့တဲ့ ဇူလိုင် ၅ ရက်ကို အစွဲပြုပြီး ကော်သူးလေ တပ်မတော်နေ့အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

MK-009

#MekongNews

#ကရင်ပြည်နယ်

#KNU

#ဖက်ဒရယ်ပြည်ထောင်စု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now