မြန်မာ့နွေဦး

စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂက R2P အခြေခံမူ စွဲကိုင်အရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ မြန်မာပြည်သူတွေ အပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် စစ်တပ်ကို ကုလသမဂ္ဂက R2P အခြေခံမူ သဘောတရား စွဲကိုင်ပြီး အရေးယူရတော့မယ့် အချိန်ရောက်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

မြန်မာပြည်သူတွေ အပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် စစ်တပ်ကို ကုလသမဂ္ဂက R2P အခြေခံမူ သဘောတရား စွဲကိုင်ပြီး အရေးယူရတော့မယ့် အချိန်ရောက်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ “လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မယ့် လူမှုရေးနဲ့ စီးပွားရေး လုပ်ဆောင်ချက်များ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့တာပါ။

စစ်တပ်က လူမျိုးတုံး သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင် ရှင်းလင်းမှုနဲ့ လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို တားမြစ်နိုင်ဖို့ လူမှုရေးနဲ့ စီးပွားရေး အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

“ ယခုအချိန် ကာလက ကုလသမဂ္ဂမှ R2P အခြေခံမူ သဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေး ကိစ္စနဲ့ မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှု ရှိစေရန်နဲ့ ၎င်းတို့ အကျိုးခံစားနေတဲ့ ပြစ်ဒဏ် ခတ်ခြင်း မခံရတဲ့ ယန္တရားကို အပြီးတိုင် ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားနဲ့ အရေးယူ ဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ပင် ဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က တိုင်းရင်းသား လူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာ ပြည်သူ ပြည်သားတွေ အပေါ်မှာ ရက်စက် ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ‌တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ သူတို့ရဲ့ လုပ်ရပ် မြောက်များစွာ အနက် တစ်ခု အပါအဝင်ဖြစ်ကာ အဲဒီဖြစ်စဉ်ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ အဖြစ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်တာ မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားမဝင် စစ်အာဏာသိမ်းမှုကိုပင် ကျူးလွန်ခဲ့ပြီး စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကြာမြင့်တဲ့ ကာလတလျှောက်မှာ စစ်တပ် အနေနဲ့ ပြည်တွင်း တရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံ ဖျက်ဆီးခဲ့ပြီး မြန်မာပြည်သူတွေနဲ့ ဒေသတွင်း အခြေအနေ အပေါ် ကြီးလေးတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြည်သူ တစ်ရပ်လုံးကို လူမျိုးတုံး သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ် သင်ရှင်းလင်းတာနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှ အကာအကွယ်ပေးရမဲ့ တာဝန်ရှိတာကို ထပ်လောင်း အတည်ပြုတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အဲဒီ အဖွဲ့အစည်းတွေကို အားဖြည့ ်ထောက်ခံပေးနေသူတွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားဆန်မှု အပေါ် မထီမဲ့မြင် ပြုလျက်ရှိတာကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြပြီး အခြားတစ်ဖက်မှာလည်း မြန်မာပြည်သူပြည်သားတွေမှ ကုလသမဂ္ဂကို မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြုပြီး ကူညီပေးရေးနဲ့ No-Fly Zone သတ်မှတ်ပေးရေး ကနဦး တောင်းဆိုမှုတွေမှာ ရလဒ်ဖြစ်ထွန်းခဲ့တာ မရှိတာကိုလည်း‌ ထောက်ပြ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာပြည်သူတွေ အပေါ်မှာ ပျက်ကွက်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ မှန်မှန်ကန်ကန် ထောက်ပြခဲ့တယ် ဆိုတာနဲ့ ကုလသမဂ္ဂ အနေနဲ့ ထိရောက်မှုရှိတဲ့ အရေးယူမှုတွေကို အချိန်နဲ့ တပြေးညီ ချမှတ်ပေးမယ်ဆိုရင် အလားတူ ပြောကြားမှုကို ဒီနှစ်မှာ ထပ်မံပြောကြားစရာ လိုအပ်မှာ မဟုတ်ဘူး ဆိုပြီးတော့လည်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now