မြန်မာ့နွေဦး

“ ငြိမ်းချမ်းရေး” တရားဟောတဲ့ ကံသာဆရာတော်ကို စစ်အင်အား အလုံးအရင်းနဲ့ သတိပေး

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် အလှူတစ်ခုမှာ ကံသာကျောင်းတိုက် ဆရာတော် ဟောကြားတဲ့ တရားမှာ နိုင်ငံရေးတွေ ပါတယ်ဆိုပြီး စစ်တပ် အင်အား အလုံးအရင်းနဲ့ လာရောက် သတိပေးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် အလှူတစ်ခုမှာ ကံသာကျောင်းတိုက် ဆရာတော် ဟောကြားတဲ့ တရားမှာ နိုင်ငံရေးတွေ ပါတယ်ဆိုပြီး စစ်တပ် အင်အား အလုံးအရင်းနဲ့ လာရောက် သတိပေးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့၊ မနက်ပိုင်းက ရပ်ကွက် အလှူတစ်ခုမှာ ဆရာတော် တရားဟောတာကို အမှတ် (၁) ရပ်ကွက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး က ဗီဒီယို ရိုက်ကူးထားပြီး စစ်ကောင်စီကို နိုင်ငံရေး တရားဟောပြောနေတယ် ဆိုပြီး တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ဒီကောင်က စစ်တပ်က ခန့်ထားတဲ့ အုပ်ကြီး။ သူပဲ ရိုက်ပြီး စစ်တပ်ကို သွားပြတာ။ နောက်နေ့ကြတော့ ဆရာတော်ဆီ ကားတွေနဲ့ ရောက်လာပြီး သတိပေးတာတွေ လုပ်သွားတယ်။ ဆရာတော်ကို စစ်တပ်နဲ့ ရဲအရာရှိ ကားတွေနဲ့ ရောက်လာပြီး သတိပေးစကား လာပြောသွားတာ။ ဖမ်းဆီးတာတွေတော့ မလုပ်ပါဘူး” လို့ သူကပြောပါတယ်။

“ ငြိမ်းချမ်းရေး” ခေါင်းစဉ်နဲ့ ဆရာတော် ဟောကြားတဲ့ တရားတော်ထဲမှာ နိုင်ငံရေးတွေ ပါဝင်တယ်ဆိုပြီး စစ်ကား ၂ စီး၊ ရဲကား တစ်စီး၊ အခြားကားများစွာနဲ့ မတ်လ ၂၀ ရက်၊ ညနေပိုင်းမှာ ကံသာကျောင်းတိုက်ကို ရောက်ရှိလာပြီး သတိပေး ပြောဆိုမှုတွေ လုပ်သွားတာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ကိုးကွယ်တဲ့ ဘုန်းကြီးတွေရဲ့ တရားပွဲတွေ ပါမစ်တင်စရာ မလိုဘဲ ပြည်သူ ကြည်ညို ကိုးကွယ်တဲ့ ဆရာတော်တွေကတော့ တရားဟောခွင့်ရဖို့ မြို့နယ်သံဃာ့ နာယကမှာ စာတင်ရပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆရာတော်များ တရားဟောခွင့် ပိတ်ပင်ခံရလေ့ ရှိတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#ခရမ်းမြို့နယ်

#ကံသာကျောင်းတိုက်ဆရာတော်

#ငြိမ်းချမ်းရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now