စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ဝယာကျေးရွာနဲ့ ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်မှာ နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အမြင့်ကျေးရွာမှ ပြည်သူပိုင် နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ လုယက်ခဲ့တယ်လို့ Chaung U Revolution က ဆိုပါတယ်။
ရွာသားတွေက ရှောင်နေရတာ ဆိုတော့ အိမ်ခြေ အတိအကျတော့ မသိရသေးဘူး
လို့ ဒေသခံ တစ်ဦးရဲ့ ပြောကြားချက်ကို Chaung U Revolution က ဖော်ပြပါတယ်။
အခုလို နေရပ် စွန့်ခွာ စစ်ဘေးရှောင် နေရတဲ့ ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာ ပ.အ.ဖ နဲ့ ပ.က.ဖ တွေရဲ့ ခွင့်ပြုချက် မရဘဲ ကျေးရွာတွေထဲ အရဲစွန့် ဝင်ရောက်တာတွေ မလုပ်ကြဖို့လည်း ချောင်းဦးမြို့နယ် ပ.က.ဖ က အသိပေးထားပါတယ်။
လက်ရှိ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှာ စစ်တပ်က တပ်စွဲထားဆဲ ဖြစ်တာကြောင့် ပ.က.ဖက အခုလို အသိပေး ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ပြည်သူတွေ အနေနဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေရဲ့ အကြံပြုချက် တွေကို လေးစား လိုက်နာပေးဖို့ မေတ္တာရပ်ခံ ထားပါတယ်။