မဲခေါင်၊ မတ် ၂၁
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ခမ်းဒေါမ် – PPDF-KD က ဒရုန်းတပ်သားသစ်တွေခေါ်ယူသွားမယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
PPDF-KD ဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ရဲ့ နိုင်ငံရေးဦးဆောင်နေတဲ့အဖွဲ့တစ်ခုဖြစ်ပြီး တပ်နယ်-၁ သုဝဏ္ဏဘူမိသထုံဒေသ နဲ့ တပ်နယ်-၂ ဘားအံဒေသ တွေမှာ တပ်သားသစ်တွေလက်ခံနေတယ်လို့ ဆိုပါတယ်။
တပ်သားသစ်တွေအနေနဲ့ မည်သည့်လူမျိုးဖြစ်ပါစေ ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်ရမှာဖြစ်ပြီး PPDF-KDရဲ့လမ်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့ စတဲ့အချက်တွေလိုအပ်တယ်လို့ဆိုကာ လာရောက်လျှောက်ထားလိုသူတွေက ခမ်းဒေါမ် Facebook Page ကနေတစ်ဆင့်လျှောက်ထားနိုင်တယ်လို့ ခမ်းဒေါမ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကအသိပေးထားပါတယ်။
PPDF-KD ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က နမ်းနိန်ကျေးရွာဘုန်းကြီးကျောင်းအတွင်းက သံဃာတော် ၃ ပါးအပါအ၀င် အရပ်သား ၂၂ ဦးကို စစ်တပ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ကို ကန့်ကွက်ရှုံ့ချထားတဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
MK-007